
တင်နက်ဆီပြည်နယ်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ မြင်းကျားတကောင်ကို ဖမ်းမိခဲ့အပြီးမှာတော့ ရဟတ်ယာဉ်နဲ့ ချိတ်ဆွဲသယ်ယူပြီး ပိုင်ရှင်ဆီ ပြန်ပို့ခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
လွတ်နေတဲ့မြင်းကျားကို ဇွန် ၈ ရက်က အမှတ် ၂၄ ပြည်နယ်ချင်းဆက်လမ်းနားက စားကျက်မြေမှာ ပြန်လည်ဖမ်းမိတာ ဖြစ်ပါတယ်။
ရဟတ်ယာဉ်နဲ့ သယ်ယူပြီးတော့ နောက်တွဲယာဉ်ထဲ ထည့်သွင်းနေတဲ့ ဗီဒီယိုကို ရူသာဖို့ဒ်ကောင်တီ ရဲမှူးရုံးက ထုတ်ပြန်ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီမြင်းကျားကို ပိုင်ရှင်တွေက မေ ၃၀ ရက်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး နောက်တရက်မှာပဲ ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
Source: Reuters