DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ်သား ၁ ဦး သေဆုံး
DVB
·
June 9, 2025
ဘန်ကောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ်သား ၁ ဦး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဖရလမ်းဆောင် (ရာမ-၂) လမ်းက လုပ်ငန်းခွင်မတော်တဆ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့နေရာမှာ ဇွန် ၈ ရက်ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုပြီး မြန်မာလုပ်သားတယောက် သေဆုံးကာ၊ တယောက် ဒဏ်ရာရသွားပါတယ်။

ကျွမ်းထောင်းနယ်မြေ၊ ဘန်မွတ်ရပ်ကွက်အပိုင်းမှာ အလုပ်သမားတွေဟာ မြေအောက်ရေပိုက်လုံး ချဖို့ မြေတူးနေစဉ် မနေ့ မွန်းလွဲ ၂ နာရီလောက်က အပေါ်ကနေ မြေပြိုကျလာတာလို့ ဒဏ်ရာအနည်းငယ်ရခဲ့တဲ့ မြန်မာလုပ်သား ကိုမျိုးက တာဝန်ရှိသူတွေကို ပြောပါတယ်။

သူတို့ အလုပ်သမား ၄ ယောက်ဟာ ၃ မီတာနက်တဲ့ မြောင်းထဲဆင်းပြီး ရေပိုက်လုံးချဖို့ လုပ်နေစဉ် အပေါ်ကနေ မြေကြီးတွေ ကျလာခဲ့တယ်။ ကြိုးစားပြီး အပေါ်ပြန်တက်ကြတာမှာ အလုပ်သမား ၃ ယောက်ပဲ လွတ်လာပြီး ကျန်တဲ့တယောက်က သူ တက်နေတုန်း အင်္ဂတေပြားကြီး ထပ်ပြုတ်ကျလာတာကြောင့် တက်လို့မရဘဲ ရေထဲမှာ သတိလစ်သွားတယ်။ 

ကသန်ယူ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က မြေအောက်မှာ ပိတ်မိနေတဲ့ အလုပ်သမားကို ရေတွေ အရင်ဆုံး စုပ်ထုတ်ပြီးမှ အချိန်တနာရီကြာ ဆွဲထုတ်ခဲ့ရတယ်ကာ CPR ရှေးဦးသူနာပြုစုပြီး ဆေးရုံပို့ဖို့ ကြိုးစားပေမဲ့ အသက် ၃၆ နှစ်ရွယ်ရှိ မြန်မာအလုပ်သမား တယောက် သေဆုံးသွားတယ်လို့  ဆိုပါတယ်။

သက်ဆိုင်ရာက လုပ်ငန်းခွင် မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းနဲ့ သေဆုံးသူ အလုပ်သမားရဲ့ နစ်နာကြေးကိစ္စတွေအတွက် ကန်ထရိုက်တာနဲ့ ဆက်သွယ်စုံစမ်း စစ်ဆေးနေတယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

Source: Thairath / Amarin TV News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013