DVB Logo
Home
မြန်မာသတင်း
စစ်တပ်အတွက် လေယာဥ်ဆီသယ်လာသည့် ဘောက်ဆာကားကို PDF ဖမ်းဆီး
DVB
·
June 9, 2025
စစ်တပ်အတွက် လေယာဥ်ဆီသယ်လာသည့် ဘောက်ဆာကားကို PDF ဖမ်းဆီး
Donate to DVB

စစ်တပ်အတွက် လေယာဥ်ဆီသယ်လာတဲ့ ဘောက်ဆာကားတစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဇွန် ၈ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

Aung San's Land Natmauk ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့တပ်ဖွဲ့ဝင်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ လုံခြုံရေးစစ်ဆေးနေချိန် မိုင်တိုင် ၂၆၂ နားမှာ အဲဒီ လေယာဥ်ဆီတင်လာတဲ့ ဘောက်ဆာကားကို ဖမ်းမိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ဆီဘောက်ဆာကားနဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့သေးတယ်လို့ ဆိုပါတယ်။

Aung San's Land Natmauk ရဲ့ မြေပြင်တာဝန်ခံ ကိုဘာမထီက “ဘောက်ဆာကားနံပါတ်က 2B/8525 ပါ။ ကားပေါ်မှာ လေယာဥ်ဆီ ဂါလန် ၃,၀၀၀ အပြည့်ပါတယ်။ နမ့်စန်လေတပ်ကို ပို့ရမှာလို့ သိရတယ်။ အဲဒီကားက အရင်ကလည်း နတ်မောက်နယ်ထဲကနေ ဖြတ်ပြီးတော့ ခဏခဏ ဆီသယ်နေတယ်လို့ သတင်းရနေတာတော့ ကြာပြီ။ အခုမှ လက်ရဖမ်းမိနိုင်တာပါ။ ကားပေါ်မှာ လိုက်လာတဲ့ စစ်သား ၂ ယောက်ကိုလည်း အရှင်ဖမ်းမိတယ်။ သူတို့က ဆီတွေကို တာဝန်ခံပြီး သယ်ပေးရတဲ့ အရာခံဗိုလ်မင်းထွဋ်ရဲ့ လက်အောက်ခံတပည့်တွေလို့ ပြောတယ်။ အရာခံဗိုလ်မင်းထွဋ်ကတော့ အဲဒီကားပေါ်မှာ ပါမလာဘူး။ ဖမ်းမိတဲ့ ၂ ယောက်ကိုတော့ ဆက်စစ်နေတုန်းပဲဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေမှာရှိတဲ့ နမ့်စန်လေတပ်ကနေ တိုက်လေယာဥ်တွေနဲ့ ပြည်သူတွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် တိုင်းရင်းသားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာလည်း အဆိုပါ နမ့်စန်လေတပ်က တက်လာတဲ့ တိုက်လေယာဥ်တွေနဲ့ လေကြောင်းပစ်ကူတွေ ပြုလုပ်ခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013