
ဇွန် ၉ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ UEFA နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ပေါ်တူဂီက စပိန်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
မိနစ် ၉၀ ပွဲချိန်အတွင်းမှာ စပိန်က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးရခဲ့ပေမဲ့ ပေါ်တူဂီက ချေပဂိုးတွေ လိုက်သွင်းပြီး ၂ ဂိုးစီ သရေကျခဲ့တာပါ။
ပေါ်တူဂီအတွက် ဒုတိယချေပဂိုးကို အသင်းခေါင်းဆောင် စီရော်နယ်ဒိုက သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ငိုကြွေးရင်း အောင်ပွဲခံခဲ့ပါတယ်။
ဒီဆုဖလားဟာ စီရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းအတွက် နောက်ထပ်ဆုဖလားအောင်မြင်မှုတခု ထပ်ရခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ပထမဆုံး ကျင်းပခဲ့တဲ့ ၂၀၁၈-၂၀၁၉ နေးရှင်းလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့ပြီး အခုနှစ်မှာ ထပ်မံရယူနိုင်ခဲ့လို့ ချန်ပီယံ ၂ ကြိမ်နဲ့ နေးရှင်းလိဂ် ဆုဖလားအများဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။