DVB Logo
Home
မြန်မာသတင်း
အမတ ၃၄၄ ကို ကူတိုက်ရန်အတွက် ပြည်သူ့စစ်အဖွဲ့များကို လက်နက်တပ်ဆင်ပေး
DVB
·
June 7, 2025
အမတ ၃၄၄ ကို ကူတိုက်ရန်အတွက် ပြည်သူ့စစ်အဖွဲ့များကို လက်နက်တပ်ဆင်ပေး
Donate to DVB

စစ်ကောင်စီက ငသိုင်းချောင်း-ဂွ ကားလမ်းမပေါ်မှာရှိတဲ့ အမှတ် ၃၄၄ အမြှောက်တပ်ရင်းကို ကူတိုက်ဖို့အတွက် ဇွန် ၆ ရက်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေ အမှတ် ၃၄၄ အမြောက်တပ်ရင်းကို လက်နက်တွေ အရင်ပို့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကတဆင် ပေးခိုင်းတာလို့ ထွေအုပ်နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

“ပသစ ရယ်၊ ပလကဖ ရယ် ၂ ဖွဲ့လုံး သင်တန်းဆင်းတာ။ စစ်တပ်က ပသစ တွေကို လက်နက်တပ်ဆင်ပေးတာ၊ ပလကဖ တွေကိုတော့ လက်နက်မပေးဘူး။ ဘာလို့လဲဆိုတော့ ၃၄၄ က ကာကင်းစခန်းတွေ AA လာတိုက်တုန်းက ပလကဖ တွေက ပြန်မတိုက်ဘဲ လက်နက်ချပြီး ထွက်ပြေးကြတာ” လို့ ပြောပါတယ်။

ငသိုင်းချောင်းပြည်သူ့စစ်နဲ့ ပလကဖ အဖွဲ့တွေကို ဦးဆောင်သူမှာ ဗိုလ်မှုးရဲသူရထွန်းဖြစ်ပြီး မေ ၅ ရက်နေ့က စတင်ကာ စစ်ပညာသင်တန်းအမှတ်စဥ် ၁ /၂၀၂၅ ကို ဖွင့်လှစ်ခဲ့ပြီး လက်နက်တပ်ဆင်ဖို့အထိ ဦးဆောင်ခဲ့တာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။

“သင်တန်းပေးနေတာကြာပြီ၊ မနေ့ကမှ သင်တန်းဆင်းတာ။ အမတ ၃၄၄ က အခြေအနေမကောင်းတော့ ပြည်သူ့စစ်တွေကို စစ်ကူအဖြစ် ကာကင်းတွေမှာ သုံးဖို့စီစဥ်တာ။ AA ကို ပြန်တိုက်ဖို့ ထင်သလောက်မလွယ်ဘူး။” 

လတ်တလောမှာ ဗိုလ်မှူးရဲသူရထွန်းက ငသိုင်းချောင်း နဲ့ ရေကြည်မြို့မှာရှိတဲ့ အုပ်ချုပ်အဖွဲ့ဝင်တွေကို ဇွန် ၁၂ ရက်ကစပြီး စစ်ပညာသင်တန်းအပတ်စဥ် ၂ ကို သင်တန်းပေးသွားမှာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013