
မန်စီးတီးအသင်းဟာ ဝုဗ်နောက်ခံလူ အိတ်နူယီကို ပေါင် ၃၃ ဒသမ ၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိ အယ်လ်ဂျီးရီးယား ဘယ်နောက်ခံလူဟာ မနှစ်က ဝုဗ်အတွက် ၄၁ ပွဲမှာ ၅ ဂိုး သွင်းခဲ့သူပါ။
မန်စီးတီးအသင်းဟာ နူယီကို လာမယ့် ဇွန် ၇ ရက်မှာ ဆေးစစ်မှုပြုလုပ်ပြီး တရားဝင် စာချုပ်ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။
နူယီအတွက် ပြောင်းရွှေ့ကြေးရရှိမှုကနေ ပြင်သစ်လိဂ်ကလပ် အန်ဂါအသင်းက ပြောင်းရွှေ့ကြေး စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းရရှိဖို့ တောင်းဆိုထားပါတယ်။
နူယီဟာ ၂၀၂၁ ခုနှစ်က အန်ဂါကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ဝုဗ်နဲ့ ၅ ရာသီအတွင်း စုစုပေါင်း ၁၅၇ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုးသွင်းခဲ့ကာ ၁၉ ကြိမ်အထိ ဂိုးဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။