DVB Logo
Home
အားကစား
ဂရေးလစ်ရှ်ကို ကလပ်ကမ္ဘာ့ဖလားလူစာရင်းမှ မန်စီးတီး ချန်လှပ်ဖွယ်ရှိ
DVB
·
June 6, 2025
ဂရေးလစ်ရှ်ကို ကလပ်ကမ္ဘာ့ဖလားလူစာရင်းမှ မန်စီးတီး ချန်လှပ်ဖွယ်ရှိ
Donate to DVB

မန်စီးတီးအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ဂျက်ဂရေးလစ်ရှ်ကို ကလပ်ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်သွားဖို့ ရှိပါတယ်။

အသက် ၂၉ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးမှာ ပွဲထွက်ခွင့် နည်းပါးခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းသစ်ရှာဖွေဖို့ လိုအပ်လာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ လာမယ့် ကလပ်ကမ္ဘာ့ဖလားမှာ ဂရေးလစ်ရှ်ကို ချန်လှပ်ပြီး အသင်းသစ်ရှာဖွေရေးမှာ အားထည့်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဂရေးလစ်ရှ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ပေးချေရမှာဖြစ်လို့ အပြီးသတ်ပြောင်းရွှေ့ဖို့ထက်စာရင် အငှားစာချုပ်နဲ့သာ အသင်းပြောင်းရွှေ့ရဖို့ ရှိပါတယ်။

ဂရေးလစ်ရှ်ဟာ ၂၀၂၁ ခုနှစ်က ဗီလာအသင်းကနေ ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး မန်စီးတီးရဲ့ တရာသီအတွင်း ဆုဖလားသုံးလုံး အောင်မြင်မှုမှာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013