DVB Logo
Home
မြန်မာသတင်း
TNLA အုပ်ချုပ် ၁၂ မြို့တွင် မြို့စောင့်တပ်ဖွဲ့စည်းရေး ဆက်လက်အကောင်အထည်ဖော်နေ
DVB
·
June 5, 2025
TNLA အုပ်ချုပ် ၁၂ မြို့တွင် မြို့စောင့်တပ်ဖွဲ့စည်းရေး ဆက်လက်အကောင်အထည်ဖော်နေ
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့ ၁၂ မြို့မှာ မြို့စောင့်တပ်ဖွဲ့စည်းရေး ဆက်လက်အကောင်အထည်ဖော်နေကြောင်း ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

မြို့စောင့်တပ်ဖွဲ့စည်းရတာဟာ ဒေသခံပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ တရားဉပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဇွန် ၅ ရက်နေ့ Zoom ကနေတဆင့် ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

“အဓိကတော့ ကျမတို့ အသက်ပြည့်ပြီးတဲ့လူတိုင်းပေါ့။ အသက် ၁၈ နှစ်ပြည့်တဲ့ လူတိုင်းကတော့ မြို့စောင့်တပ်ကို ဖွဲ့စည်းတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိကတော့ တအာင်းလူမျိုးကိုပဲ အရင် ကောက်ခံတာဖြစ်ပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။

မြို့စောင့်တပ်ဟာ လုံခြုံရေးဆောင်ရွက်ရတာဖြစ်လို့ ခုခံကာကွယ်ရေးသင်တန်းပေးတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

သင်တန်းကာလကတော့ နယ်မြေ၊ နေရာဒေသအပေါ်မူတည်ပြီး ၁၅ ရက်ကနေ ၃ လအထိ ကွာခြားချက်ရှိကာ သင်တန်းဆင်းရင်တော့ သက်ဆိုင်ရာမြို့နယ်မှာ တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

တာဝန်ထမ်းဆောင်ချိန်ပြည့်သွားရင် မူလအတိုင်း ပြန်နေထိုင်ရမှာလို့ ပြောပေမဲ့ အချိန်ကာလ ဘယ်လောက်အထိ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့အချက်ကို ထည့်ပြောသွားတာမရှိပါဘူး။

TNLA က မြို့စောင့်တပ်ဖွဲ့ဖို့ကိစ္စနဲ့ အမည်စာရင်းကောက်တာကြောင့် ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက တချို့မြို့တွေမှာ ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရပါသေးတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလထဲ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင်၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့တွေကို သိမ်းပိုက်ကာ အုပ်ချုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013