DVB Logo
Home
နိုင်ငံတကာ
ဂရိနှင့် ဘော်လ်တစ်ပင်လယ်တို့တွင် အမေရိကန် ဦးဆောင်ပြီး NATO စစ်ရေးလေ့ကျင့်
DVB
·
June 5, 2025
ဂရိနှင့် ဘော်လ်တစ်ပင်လယ်တို့တွင် အမေရိကန် ဦးဆောင်ပြီး NATO စစ်ရေးလေ့ကျင့်
Donate to DVB

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအဆင့် ‘ချက်ချင်း တုံ့ပြန်မှု 25’ ရဲ့ နောက်ဆုံးအဆင့်ကို ဂရိနိုင်ငံ အရှေ့မြောက်ပိုင်း ဇန်သီမှာ ဇွန် ၄ ရက်က လေ့ကျင့်ခဲ့ပါတယ်။

အမေရိကန်၊ မဟာမိတ်တွေနဲ့ ဒေသတွင်းက တပ်ဖွဲ့ဝင် ၂,၅၀၀ ကျော်တို့က AH-64 တင့်ကားတွေ၊ လီယိုပဒ်တူး တိုက်ပွဲဝင် တင့်ကားတွေကို သုံးပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဂရိ၊ ကိုဆိုဗို၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယားနဲ့ စလိုဗက်ကီးယားတို့ အပါအဝင် နိုင်ငံ ၈ နိုင်ငံက တပ်ဖွဲ့ဝင် ၁၂,၀၀၀ လောက်က မေ ၂၆ ရက်ကနေ ဇွန် ၉ ရက်အထိ လေ့ကျင့်မှာပါ။

တပ်ဖွဲ့တွေဟာ ဆိုက်ဘာကာကွယ်ရေး၊ ပေါင်းစပ်လေ့ကျင့်ရေးပွဲတွေ၊ အဆင်သင့်ဖြစ်ရေး အစီအစဉ်တွေနဲ့  တိုက်ရိုက်ပစ်ခတ်နေချိန်မှာ မြစ်ကိုဖြတ်ကူးတာတွေကို လေ့ကျင့်ခဲ့ကြပါတယ်။

အမေရိကန် ဦးဆောင်တဲ့ NATO အဖွဲ့ဟာ တချိန်တည်းမှာ ဘောလ်တစ်ပင်လယ်အတွင်း BALTOPS စစ်ရေးလေ့ကျင့်မှုကို စစ်သင်္ဘော အစီး ၅၀ လောက်နဲ့ လေ့ကျင့်နေပါတယ်။

နိုင်ငံပေါင်း ၁၇ နိုင်ငံက စစ်သည် အယောက် ၉,၀၀၀ လောက်ဟာ ဘောလ်တစ်ပင်လယ်ထဲမှာ NATO ရဲ့ အကြီးဆုံး ရေတပ်လေ့ကျင့်မှုတွေထဲက တရပ်အဖြစ် ဂျာမနီနိုင်ငံ ရော့စ်တော့ခ်မြို့ကနေ စတင်လေ့ကျင့်ခဲ့ပါတယ်။

၁၉၇၁ ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ ဘောလ်တစ်စစ်ဆင်ရေး (BALTOPS) လေ့ကျင့်ခန်းရဲ့ အခုနှစ် လေ့ကျင့်ရေးမှာ အမေရိကန်ရေတပ်ရဲ့ အမှတ် ၆ တပ်မဟာထဲမှာ အထင်ကရ လေယာဉ်တင်သင်္ဘော USS မောင့်ထ် ဝှစ်ထ်နေလည်း ပါပါတယ်။

ရေငုပ်သင်္ဘော ကာကွယ်ရေး၊ မိုင်းရှင်းလင်းရေးနဲ့ လေကြောင်းရန်ကာကွယ်ရေး တို့လို ရေကြောင်းစစ်ဆင်ရေးတွေမှာ ပူးတွဲစွမ်းရည်တွေ မြှင့်တင်ဖို့ ရည်မှန်းထားတယ်လို့ NATO က ပြောပါတယ်။

အကြီးစားစစ်ရေးလေ့ကျင့်မှုကို ဇွန် ၂၀ ရက်အထိ ဆင်နွှဲသွားမှာပါ။ စစ်သင်္ဘောတွေဟာ ဘောလ်တစ်ပင်လယ်ကမ်းခြေက ဗာနမ်မွန်ဒန် ဆိပ်ကမ်းမြို့မှာရှိတဲ့ ရေတပ်အခြေစိုက် စခန်းကနေ ဇွန် ၅ ရက်မှာ အတူတကွ ထွက်ခွာကြမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးကတည်းက NATO အဖွဲ့ဝင်တွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်လာခဲ့တာပါ။

ကာကွယ်ရေးအသုံးစရိတ် တိုးဖို့ နောက်ကျကျန်နေခဲ့တဲ့ နိုင်ငံတွေကို မကာကွယ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ရင်း အသုံးစရိတ် ထပ်တိုးဖို့ တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013