DVB Logo
Home
မြန်မာသတင်း
EU က ငလျင်ဒဏ်ခံခဲ့ရသူများအတွက် ရန်ပုံငွေ ယူရို ၅ သန်း WFP မှတဆင့် ပေးအပ်
DVB
·
June 4, 2025
EU က ငလျင်ဒဏ်ခံခဲ့ရသူများအတွက် ရန်ပုံငွေ ယူရို ၅ သန်း WFP မှတဆင့် ပေးအပ်
Donate to DVB

မတ် ၂၈ ရကက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရပ်ရွာလူထုတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကတဆင့် ပေးအပ်လိုက်တယ်လို့ ဒီကနေ့ ဇွန် ၄ ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

ဥရောပသမဂ္ဂ (EU) က ပေးအပ်တဲ့ ရန်ပုံငွေတွေကို WFP က ငလျင်ဘေးဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့သူတွေအတွက် စားနပ်ရိက္ခာ အကူအညီ ဒါမှမဟုတ် စားနပ်ရိက္ခာ ဝယ်ယူဖို့ ငွေသားအကူအညီတွေ ပေးအပ်သွားမှာဖြစ်ပြီး ကလေးတွေနဲ့ မိခင်တွေအတွက် အထူးအာဟာရ အထောက်အပံ့တွေကိုလည်း ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် WFP အနေနဲ့ ဒီလို အထောက်အပံ့တွေကို အကူအညီလိုအပ်နေသူတွေဆီ တိုက်ရိုက် ပေးအပ်သွားမှာဖြစ်ပြီး ဒေသခံမိတ်ဖက်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ ငလျင်အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ မြို့နယ်တွေမှာ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ လူဦးရေ ၂ ဒသမ ၈ သန်းနီးပါးက ငလျင်ဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်အရ WFP အနေနဲ့ ငလျင် ပဏာမ တုံ့ပြန်ရေးအစီအစဉ်မှာ ငလျင်ဒဏ်သင့်ဒေသတွေက လူဦးရေ လေးသိန်းခန့်ဆီကို အရေးပေါ်စားနပ်ရိက္ခာ၊ စားနပ်ရိက္ခာဝယ်ယူဖို့ ငွေသားနဲ့ အာဟာရ အထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် WFP အနေနဲ့ လူဦးရေ တသိန်းငါးသောင်းခန့်ကို စိစစ်ရွေးချယ်ပြီး ထောက်ပံ့ ကူညီသွားမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ငလျင်ဘေးသင့်ဒေသတွေက လိုအပ်ချက်တွေအပြင် နိုင်ငံတစ်ဝှမ်း ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူ သန်းပေါင်းများစွာရဲ့ ကြီးမားတဲ့ လိုအပ်ချက်တွေကိုလည်း ကူညီဖြည့်ဆည်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို EU နဲ့ WFP တို့က တိုက်တွန်းခဲ့ပါတယ်။

ရန်ပုံငွေမလုံလောက်မှုကြောင့် WFP က မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော်အတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို ဧပြီလကတည်းက ဖြတ်တောက်ခဲ့ရပြီး ငလျင်ကြီးမလှုပ်ခတ်မီကတည်းကပင် မြန်မာနိုင်ငံတွင် လူဦးရေ သန်း၂၀ က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013