DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်
DVB
·
June 4, 2025
မောင်တောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ လိပ်ရ‌ကျေးရွာအနီးမှာ အာရက္ခတပ်တော် (AA) နဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ (ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ARSA ရဲ့ စခန်းတခုကို AA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂ ရက်က အာရက္ခတပ်တော်နဲ့ ARSA တို့အကြား လိပ်ရကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ARSA တပ်ဖွဲ့ဝင်တွေ အခြေစိုက်နေထိုင်တဲ့ စခန်းတခုကိုလည်း AA ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“လိပ်ရခွဆုံအနီးမှာ တိုက်ပွဲဖြစ်ကြတာ။ ARSA ဘက်က ဆုတ်ပြေးသွားတယ်။ ARSA တွေ နေထိုင်တဲ့ စခန်းတခုနဲ့ လက်နက်ခဲယမ်းတချို့ကို AA ဘက်က သိမ်းဆည်ရလိုက်တယ်လို့ သိရတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ကြိမ်ချောင်း-တောင်ပြို လမ်းပိုင်းဖြစ်ပြီးတော့ အာဆာတွေ မကြာခဏ ချုံခိုတိုက်ခိုက်လေ့ရှိတဲ့နေရာဖြစ်တယ်။”

သိမ်းပိုက်ရရှိတဲ့ ARSA စခန်းက စစ်ဘက်သုံးပစ္စည်း (IOTV) တခု၊ G3 ကျည်ဘောက်တခု၊ G3 ကျည် ၁၀၀ ခန့်၊ M14 မိုင်း ၂ လုံး၊ BAOFENG စကားပြောစက် ၃လုံး၊ GDL keypad ဖုန်းတလုံး၊ ဆိုလာတချပ်နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့ လိပ်ရကျေးရွာမှ ARSA တပ်ဖွဲ့ဝင်တွေ အဓိက အခြေစိုက်ကျေးရွာတွေဖြစ်ပြီး အာရက္ခတပ်တော်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေတောင် သတိထား သွားလာရတဲ့ အခြေအနေမှာ ရှိတယ်လို့ မောင်တောမြောက်ပိုင်းက ဒေသခံတယောက်က ပြောပါတယ်။

“လိပ်ရက ARSA တွေ အဓိက ခြေကုတ်ယူထားတဲ့ ရွာဗျာ။ သာမန်အရပ်သားတွေဆိုရင် အဲဒီရွာတောင် မသွားရဲကြဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေတောင် တော်တော်ကို သတိထားပြီး သွားကြရတယ်။ အဲဒီရွာအနီးမှာက မကြာခဏဆိုသလို တိုက်ခိုက်ခံရတာကြောင့် တောင်ပြို-ကြိမ်းချောင်းလမ်းပိုင်း သွားနေကြတဲ့ ကုန်သည်တွေ အတော်လေးကို သတိထားသွားကြရတယ်။”

ဧပြီလအတွင်းကလည်း လိပ်ရကျေးရွာအနီးမှာ အာရက္ခတပ်တော်က ARSA အဖွဲ့ဝင် ၂ ယောက်ကို လက်ရဖမ်းဆီးရမိခဲ့တာတွေ ရှိပါတယ်။

ARSA အဖွဲ့ဟာ မောင်တောမြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခြေပြုလှုပ်ရှားပြီး အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကုန်သည်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဟာ ဘူးသီးတောင်နဲ့ မောင်တောတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့မှုတွေကိုလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013