
ရုရှားရဲ့ အသေအကျေ တိုက်ခိုက်မှုကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ တပ်မှူးကို တာဝန်အသစ် ခန့်အပ်ခြင်း အပါအဝင် ယူကရိန်းစစ်တပ်အတွင်း ဖွဲ့စည်းပုံအပြောင်းအလဲကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန် ၃ ရက်မှာ ကြေညာခဲ့ပါတယ်။
လေ့ကျင့်ရေးဧရိယာကို ရုရှားက တိုက်ခိုက်လို့ ယူကရိန်း ကြည်းတပ်ရဲ့ တပ်မှူးအဖြစ်ကနေ နုတ်ထွက်စာ တင်ထားတဲ့ ဗိုလ်ချုပ် မိုင်ခေးလိုး ဒရပ်ပတ်တီက အခုတော့ ပူးတွဲတပ်ဖွဲ့ရဲ့ တပ်မှူးအသစ်အဖြစ် တာဝန်ထမ်းဆောင်မယ်လို့ ဇလန်းစကီးက ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ဘယ်သူဘယ်ဝါဆိုတာ အတိအကျမပြောတဲ့ တခြားတပ်မှူးက ကြည်းတပ်တွေကို တာဝန်ယူမယ်လို့ သူက ဆက်ပြောပါတယ်။
လေထီးတပ်ရဲ့ တပ်မှူးအဖြစ် အိုလာ အပိုဆိုနဲ့ မောင်းသူမဲ့စနစ်တွေရဲ့ တပ်မှူးအဖြစ် ရောဘတ် ဘရော့ဗ်ဒီ တို့ကို ရာထူးခန့်အပ်ကြောင်း အတည်ပြုထားတယ်လို့လည်း ဇလန်းစကီးက ဆက်ပြောပါတယ်။
ယူကရိန်းသမ္မတဟာ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖယ် ဂရောက်ဇီနဲ့ ဇွန် ၃ ရက် အစောပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဇာပိုရစ်ချ်ဇီယာ နျူးကလီးယားစက်ရုံက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။
Source: Reuters