DVB Logo
Home
နိုင်ငံတကာ
စီးပွားရေးပြန်ကောင်းအောင် လုပ်မည်ဟု တောင်ကိုရီးယားသမ္မတသစ် အီဂျယ်မြောင် ကတိပြု
DVB
·
June 4, 2025
စီးပွားရေးပြန်ကောင်းအောင် လုပ်မည်ဟု တောင်ကိုရီးယားသမ္မတသစ် အီဂျယ်မြောင် ကတိပြု
Donate to DVB

တောင်ကိုရီးယားနိုင်ငံရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ သမ္မတသစ် အီဂျယ်မြောင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင်က ဇွန် ၄ ရက် မဲရေတွက်မှု ရလဒ်မှာ ပြသခဲ့ပါတယ်။

သန်းခေါင်ကျော်ပြီးချိန် ဆန္ဒမဲပေါင်း ၉၄ ဒသမ ၄ ရာခိုင်နှုန်းထဲမှာ အီဂျယ်မြောင်က ၄၈ ဒသမ ၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး သူ့ရဲ့ အဓိကပြိုင်ဘက် ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီရဲ့ အဓိကပြိုင်ဘက် ဂင်မ်မွန်းဆူးက ၄၂ ဒသမ ၀ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မရေတွက်ရသေးတဲ့ မဲတွေအားလုံး ဂင်မ်မွန်းဆူး ဆီကို ရောက်သွားရင်တောင် အီဂျယ်မြောင် ကသာ ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိမှာဖြစ်ပြီး သူ့ရဲ့အောင်နိုင်မှုကို အတည်ပြုခဲ့ပါတယ်။

အီဂျယ်မြောင်ဟာ တိုင်းပြည်ကို စစ်အာဏာထိန်းချုပ်ရေး ကြိုးပမ်းမှုကြောင့် ချွတ်ယွင်းလုနီးနီး ဖြစ်သွားတဲ့ အခြေအနေကနေ ပြန်ထူထောင်မှာဖြစ်ပြီး နိုင်ငံဖြစ်တည်မှုကိုတောင် ခြိမ်းခြောက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးဝါဒက ဖိအားပေးနေတဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်မယ်လို့ ဇွန် ၄ ရက်မှာ ကတိပြုခဲ့ပါတယ်။

နိုင်ငံရေးအကျပ်အတည်းကြောင့် အရင်အစိုးရ သက်တမ်းမပြည့်ခင်  ရုတ်တရက် ကြေညာပြီး ကျင်းပတဲ့ ဇွန် ၃ ရက် ရွေးကောက်ပွဲမှာ တောင်ကိုရီးယားရဲ့ လူများစု လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ အီဂျယ်မြောင်ရဲ့ ပြတ်ပြတ်သားသား မဲအနိုင်ရရှိမှုဟာ အာရှရှိ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ ပြောင်းလဲမှု အကြီးအကျယ် ဖြစ်တော့မယ်လို့ မျှော်လင့်နေကြတာပါ။

လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သူက အီဂျယ်မြောင်ရဲ့ အစိုးရဟာ လက်တွေ့ကျတဲ့ ဈေးကွက်လိုလားတဲ့ အစိုးရ ဖြစ်လာမှာပါလို့ ပြောကြားခဲ့ပါတယ်။

အီဂျယ်မြောင်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီးယားခေါင်းဆောင်တယောက်အတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်နိုင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး စစ်အုပ်ချုပ်ရေး ကြိုးပမ်းမှုကြောင့် အထိနာသွားရတဲ့နိုင်ငံကို ပြန်ကုစားပေးခြင်းကနေ အဓိကကုန်သွယ်ဘက်နဲ့ လုံခြုံရေး မဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မှန်းဆမရတဲ့ ကာကွယ်ရေးဝါဒ လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့တွေအထိ ပါဝင်နေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013