Home
နိုင်ငံတကာ
ပင်လယ်ရေထဲတွင် ပျော်ဝင်ပျက်စီးနိုင်သည့် ပလတ်စတစ် ဂျပန်သိပ္ပံပညာရှင်များ တီထွင်
DVB
·
June 4, 2025
Photo: Reuters

ပင်လယ်ရေထဲမှာ နာရီပိုင်းအတွင်း ပျော်ဝင်ပျက်စီးနိုင်တဲ့ ပလတ်စတစ်တမျိုးကို ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေက ဖန်တီးလိုက်နိုင်ပြီ ဖြစ်ပါတယ်။

အခုတွေ့ရှိမှုကြောင့် ခေတ်သစ်ဘေးဆိုးတခုဖြစ်တဲ့ သမုဒ္ဒရာတွေညစ်ညမ်းတာ၊ တောရိုင်းတိရစ္ဆာန်တွေ၊ ရေသတ္တဝါတွေ ဘေးဖြစ်တာတွေရဲ့ အဓိက တရားခံတခုဖြစ်တဲ့ ပလတ်စတစ်ရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဇီဝသဘောအတိုင်း ပျက်စီးနိုင်တဲ့ ပလတ်စတစ်မျိုးကို စမ်းသပ်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။

ဒါပေမဲ့ အခု RIKEN Centre for Emergent Matter Science နဲ့ တိုကျိုတက္ကသိုလ်က ပညာရှင်တွေ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းသစ်ကတော့ ပိုပြီး လျှင်လျှင်မြန်မြန် ပြိုကွဲပျက်စီးနိုင်သလို ဘာမှ မကျွင်းကျန်ဘဲ ပျက်စီးသွားနိုင်တယ်လို့ သိရပါတယ်။

တိုကျိုမြို့အနီး ဝါကိုမြို့က ဓာတ်ခွဲခန်းတခုမှာ ဆားငန်ရေဘူးထဲမှာ ပလတ်စတစ် အစဟာ  တနာရီလောက်အတွင်း ပျောက်ကွယ်သွားပုံကို ပညာရှင်တွေက သရုပ်ပြခဲ့ပါတယ်။

ဒီပလတ်စတစ် အမျိုးအစားသစ်ကို စီးပွားဖြစ်ထုတ်လုပ်ဖို့ အသေးစိတ် အစီအစဉ်တော့ မထုတ်ပြန်ရသေးပါဘူး။ ဒါပေမဲ့ ကုန်ထုတ်ပိုးမှုကဏ္ဍ အပါအဝင် လုပ်ငန်းနယ်ပယ် အများအပြားက စိတ်ဝင်စားနေကြတယ်လို့ သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024