
ကနေဒါနိုင်ငံ မန်နီတိုဘာပြည်နယ်မှာ ဇွန် ၁ ရက်က တောမီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဇွန် ၁ ရက်အထိ ကနေဒါနိုင်ငံတဝန်း စုစုပေါင်း ဟက်တာ ၁ ဒသမ ၄ သန်း မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်ကြောင်း ကနေဒါဌာနပေါင်းစုံ သစ်တောမီး တုံ့ပြန်ရေးစင်တာက ပြောပါတယ်။
အရင်တပတ်က မန်နီတိုဘာပြည်နယ်ရဲ့ ဝေးလံတဲ့ မြောက်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၇,၀၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ကနေဒါအနောက်ပိုင်း အလ်ဘာတာပြည်နယ်မှာ မီးလောင်ကျွမ်းမှု ၄၉ ကြိမ်ရှိပြီး မန်နီတိုဘာ ပြည်နယ်မှာ မီး ၂၄ ကြိမ်နဲ့ ဆာစ်ကတ်ချဝမ်မှာ ၁၆ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း ပြည်နယ် အချက်အလက်တွေအရ သိရပါတယ်။
ကနေဒါနိုင်ငံအနောက်ပိုင်းဒေသရဲ့ မြောက်ဘက်ရှိ ဒေသအများအပြားမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းမှာ ပုံမှန်မဟုတ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ အခြေအနေတွေကြောင့်ဖြစ်ပြီး ဟက်တာ ထောင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ မီးလောင်လွယ်ပြီး ခြောက်သွေ့နေတဲ့ သစ်တောနဲ့ ချုံပုတ်တွေ ကို မီးတောက်တွေ ဝါးမြို လောင်ကျွမ်းနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source:Reuters