
ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်ဟာ လီယွန်နယ်မက်ဆီလို တိုက်စစ်ကစားသမားမျိုး ဖြစ်လာနိုင်ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
စပိန် တောင်ပံတိုက်စစ်ကစားသမားဟာ မက်ဆီလို တိုက်စစ်မှူးနေရာမှာ ကစားပြီး သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်သူအဖြစ် စွမ်းဆောင်နိုင်မလားဆိုတာကို နည်းပြဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။
ယာမဲလ်ဟာ မက်ဆီလိုပဲ ဂိုးတွေအများကြီး သွင်းယူနိုင်မယ့် တိုက်စစ်ကစားသမား ဖြစ်လာနိုင်ကြောင်း၊ လက်ရှိကစားနေတဲ့ တောင်ပံတိုက်စစ်မှာတော့ ဟန်ချက်မညီဖြစ်နေသေးပြီး အကောင်းဆုံးနေရာကို ရှာဖွေနိုင်ဖို့လိုအပ်ကြောင်း၊ အဲဒီနောက်မှ မက်ဆီနဲ့ နှိုင်းယှဉ်လို့ ရမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ယာမဲလ်ဟာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အလွန်ကောင်းခဲ့ပြီး ၁၇ နှစ် ကစားသမားတယောက်က အဲဒီလောက်အထိ လုပ်ဆောင်နိုင်တယ်ဆိုတာက အံ့အားသင့်စရာ ကောင်းကြောင်း ဂွါဒီယိုလာက ချီးကျူးသွားပါတယ်။