
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နားမှာ ဇွန် ၃ ရက် ည ၈ နာရီလောက်က အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့် ငလျင်တခု လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်တာဖြစ်ပြီး ငလျင်ဘေးကြောင့် ထိခိုက် ဆုံးရှုံးတာတွေလျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
ဒီမနက်အစောပိုင်း ၂ နာရီ ၅၁ မိနစ်ကလည်း သာစည်မြို့ရဲ့ အရှေ့မြောက်ဘက် ၈ မိုင်လောက်အကွာ မြေအောက်အနက် ၂၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၃ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။