
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (I) ပွဲစဉ်မှာ ဆီနီဂေါ အသင်းက အီရတ်အသင်းကို ၅ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိပြီး ရှုံးထွက်အဆင့် တက်ရောက်ဖို့ မျှော်လင့်ချက် ရှင်သန်လာပြီဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲအစ ၁၅ မိနစ်အတွင်းမှာတင် အီရတ်ကစားသမား တယောက် အနီကတ်ပြ ထုတ်ပယ်ခံ ခဲ့ရပြီးနောက် ဆီနီဂေါအတွက် အနိုင်ဂိုးတွေကို ဟာဘစ်ဒီယာရာ၊ အစ္စမိုင်လာဆားနဲ့ အီလီမန်အန်ဒီယေးတို့က တဂိုးစီနဲ့ ပပ်ဂူယေးက ၂ ဂိုး သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲဟာ အာဖရိကနိုင်ငံတွေထဲမှာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ဆီနီဂေါအသင်းအနေနဲ့ ရှုံးထွက် ၃၂ သင်းအဆင့်တက်ရမယ်ဆိုရင် အင်္ဂလန် အသင်းနဲ့ တွေ့ဆုံရဖွယ် ရှိနေပါတယ်။
Photo: Reuters











