
အီရန်အစိုးရအနေနဲ့ အမေရိကန်ရဲ့ နျူကလီးယား အဆိုပြုချက်ကို မကြာမီတုံ့ပြန်သွားမယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး အာဘတ်စ် အာရတ်ချီက ဇွန် ၂ ရက်မှာ အီဂျစ်နိုင်ငံကို အလည်အပတ် ရောက်နေချိန် ပြောပါတယ်။
အီရန်နဲ့ အမေရိကန် အစိုးရတို့ကြား စေ့စပ်ညှိနှိုင်းပေးနေတဲ့ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆေးယစ်ဒ် ဘာဒါ အယ်လ်ဘူစိုင်းဒီက နျူသဘောတူစာချုပ်သစ်အတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို မေ ၃၁ ရက်မှာ တင်ပြခဲ့တာပါ။
အီရန်နဲ့ အမေရိကန် အစိုးရတွေဟာ ဆယ်စုနှစ်များစွာကြာနေတဲ့ နျူကလီးယား ထိပ်တိုက်တွေ့မှုကို ဖြေရှင်းဖို့ ဆွေးနွေးပွဲ ၅ ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။
အီရန်အစိုးရရဲ့ အကျိုးစီးပွားကို ကိုင်တွယ်ဖြေရှင်းဖို့ ဒါမှမဟုတ် ယူရေနီယံ သန့်စင်မှုဆိုင်ရာ အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်ကို ပျော့ပျောင်းစေဖို့ ပျက်ကွက်နေတဲ့ မထိရောက် မအောင်မြင်နိုင်တဲ့ အဆိုပြုချက်အဖြစ် ပယ်ချရင်း ဆယ်စုနှစ်များစွာ ကြာနေတဲ့ နျူကလီးယား အငြင်းပွားမှုကို အဆုံးသတ်ဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က ပယ်ချဖို့ အသင့်ရှိတယ်လို့ အီရန်သံတမန်တယောက်က ဇွန် ၂ ရက်မှာ ပြောခဲ့ပါတယ်။
အီရန် ညှိနှိုင်းရေးအဖွဲ့နဲ့ နီးစပ်သူ အကြီးတန်း သံတမန်က “အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချတယ်လို့ အဓိပ္ပာယ်ရတဲ့ အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် အဆိုးမြင်တဲ့ တုံ့ပြန်ချက်ကို အီရန်က မူကြမ်း ရေးဆွဲနေပါတယ်”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source: Reuters