
ကိုလံဘီယာနိုင်ငံမှာ ဂရန်းတိုမာတီးနား လို့ခေါ်တဲ့ ခရမ်းချဉ်သီးပေါက်ပွဲတော်ကို ဇွန် ၂ ရက်အထိ သုံးရက်ကြာ ကျင်းပနေပါတယ်။
စားဖို့မသင့်တော်တဲ့၊ အမှည့်လွန်သွားတဲ့ ခရမ်းချဉ်သီးတွေကို သုံးပြီးတော့ ပွဲတော်လာတွေဟာ အချင်းချင်း ပစ်ပေါက်ခဲ့ကြပါတယ်။
စပိန်က နာမည်ကျော် လာတိုမာတီးနားပွဲတော်ကို ပုံတူကူးပြီးတော့ အခုပွဲတော်ကို ကျင်းပလာတာ ဒီနှစ်ဆိုရင် ၁၅ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ ကြားထဲမှာတော့ ရပ်နားခဲ့ရတဲ့နှစ်တွေလည်း ရှိခဲ့ပါတယ်။
ဒီနှစ်မှာတော့ ကိုလံဘီယာမြို့တော် ဘိုဂေါ့တာကနေ မြောက်ဘက် ကီလိုမီတာ ၁၇၀ အကွာက ဆူဆာမာချန် အရပ်မှာ ကျင်းပတာဖြစ်ပါတယ်။
ပွဲတော်ကာလအတွင်း လူ ၂၀,၀၀၀ လောက် လာရောက်လည်ပတ်ဖို့ မှန်းထားပြီးတော့ ခရမ်းချဉ်သီး ၄၅ တန် အသုံးပြု ဆင်နွှဲကြမှာ ဖြစ်ပါတယ်။
Source: Reuters