DVB Logo
Home
မြန်မာသတင်း
ကရင်နီတိုက်ပွဲ တလအတွင်း DMO LPDF ဒုရင်းမှူး ကျဆုံးပြီး ရဲဘော် ၂၀ ကျော် ဒဏ်ရာရ
DVB
·
June 2, 2025
Donate to DVB

ကရင်နီပြည်နယ်က စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ မိုးဗြဲနဲ့ ဘောလခဲ တိုက်ပွဲတွေမှာ မေ ၁ ရက်ကနေ ၃၁ ရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF က ဒုရင်းမှူး ကျဆုံးခဲ့ရပြီး ရဲဘော်အယောက် ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။

မေ ၂၂ ရက်က ဘောလခဲ ရေနီပေါက် ကာကင်းစခန်းကို သိမ်းချိန် DMO Local PDF တပ်ရင်း ၂ က ဒုရင်းမှူး ဟင်နရီလုအောင် ကျဆုံးခဲ့ရပြီး ရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

တပ်ရင်း ပြန်ကြားရေးတာဝန်ခံက “သူက လူငယ်လည်းဖြစ်တော့ တက်တက်ကြွကြွ ရှိတာပေါ့နော်။ ခေါင်းဆောင်ကောင်းလည်း ပီသတယ်။ ငယ်သားတွေကိုလည်း တန်ဖိုးထားတယ်။ ကြီးမားတဲ့တိုက်ပွဲတိုင်း သူ မပါဝင်တာမရှိဘူး။ ရေနီပေါက်စခန်းသိမ်းပွဲ နယ်မြေရှင်းလင်းရေးလုပ်ချိန် လက်နက်ကြီးထိသွားတာ” လို့ ပြောပါတယ်။

ဘောလခဲ ရေနီပေါက် ကာကင်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

DMO local PDF အဖွဲ့က ဘောလခဲက ကာကင်းစခန်းသိမ်းတိုက်ပွဲနဲ့ မိုးဗြဲက ရှေ့တန်းတိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီကို တော်လှန်နေရင်း စစ်ကောင်စီရဲ့ မီးလောင်ဗုံး၊ ဒရုန်းတို့ကြောင့် ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မိုးဗြဲတိုက်ပွဲမှာ စစ်တပ် မီးလောင်ဗုံးကြောင့် ရဲဘော် ၃ ယောက် ပြင်းထန်ဒဏ်ရာရပြီး မြေမြှုပ်မိုင်းကြောင့် ရဲဘော်တယောက် ညာဘက်ခြေထောက် ဖြတ်တောက်ခံရကာ ကျန်တဲ့ ရဲဘော်တွေလည်း ထိခိုက်မိတယ်လို့ သိရပါတယ်။

ခုလက်ရှိ မိုးဗြဲမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အင်အားတိုး ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာ ၇ လကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013