ဝက်စ်ဟောလိဝုဒ်မြို့မှာ ဇွန် ၁ ရက် နှစ်ပတ်လည် LGBTQ Pride ချီတက်ပွဲမှာ တောက်တောက်ပြောင်ပြောင်ဝတ်စုံတွေ၊ ရောင်စုံအလှပြယာဉ်တွေနဲ့အတူ အခွင့်အရေး နှိုးဆော်မှုတွေပါ မြင်တွေ့ခဲ့ရပါတယ်။
HIV ကျန်းမာရေးစောင့်ရှောက်မှု လှုံ့ဆော်သူ အယ်လ်ဘယ်လက်စတီရော့စ်ကတော့ HIV ကာကွယ်ရေးရန်ပုံငွေ အရေးတကြီးလိုအပ်မှုကို အဓိက ပြောသွားခဲ့ပြီး ကျန်းမာရေးဝန်ကြီး ရောဘတ်ကနေဒီဂျူနီယာရဲ့ မူဝါဒတွေကို ဝေဖန်ခဲ့ပါတယ်။
အထောက်အပံ့တွေ ရပ်ဆိုင်းထားတာကြောင့် ၅ နှစ်အတွင်း ကူးစက်မှုသစ် ၁၄၃,၀၀၀ လောက် ဖြစ်နိုင်တယ်လို့ သတိပေးသွားပါတယ်။
ထုံးစံအတိုင်း စည်စည်ကားကား ကျင်းပနိုင်ခဲ့ပေမဲ့ အမေရိကန်နိုင်ငံရေးအပြောင်းအလဲမှာ Transgender အသိုက်အဝန်းအတွက် စိုးရိမ်ရတဲ့အခြေအနေကို ပွဲတော်လာတွေက ပြောပြခဲ့ကြပါတယ်။
ပွဲတော်မှာ cosplay ဝတ်ဆင်ပြသသူ တယောက်ဖြစ်တဲ့ အမ်ဘာမာတင်ကတော့ “ဘယ်သူကမှ အသံမတိတ်နိုင်အောင်၊ မပယ်ဖျက်နိုင်အောင် ကျယ်ကျယ်လောင်လောင်နဲ့ ဂုဏ်ယူတတ်စွာ နေဖို့က အရေးအကြီးဆုံးပဲ” လို့ ပြောသွားပါတယ်။
ဝက်စ်ဟောလိဝုဒ်ရော ဟောလိဝုဒ်ပါ လော့စ်အိန်ဂျလိစ် ဧရိယာထဲမှာ ပါဝင်ပေမဲ့ ဝက်စ်ဟောလိဝုဒ်က သီးခြားမြို့ဖြစ်ပြီးတော့ ဟောလိဝုဒ်က လော့စ်အိန်ဂျလိစ်ထဲက ရပ်ကွက်ဖြစ်ပါတယ်။
Source / Photo: Reuters