Home
သတင်းဓာတ်ပုံ
ရေကြီးနေသည့် ချီဖွေတွင် တောင်ကျရေဆင်းပြီး ရေလျှံ 
DVB
·
June 2, 2025
Photo : Johnwu LumJhid
Photo : Johnwu LumJhid
Photo : Johnwu LumJhid
Photo : Johnwu LumJhid
Photo : Johnwu LumJhid
Photo : Johnwu LumJhid
Photo : Johnwu LumJhid
Photo : Johnwu LumJhid
Photo : Johnwu LumJhid

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ မေခမြစ်ရေတက်လို့ အနိမ့်ပိုင်းတွေ ရေမြုပ်နေပြီး ဇွန် ၂ ရက် ဒီနေ့မှာတော့ တောင်ကျရေပါ ဆင်းလာတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ရစ်လော်ခေါင်ရပ်ကွက်က (ရေဆင်းလို့ မြုပ်တာ) ပိုများတယ်။ တခြားရပ်ကွက်လည်း နည်းနည်းပါတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစလို့ ချီဖွေမှာ မိုးရွာနေတာဖြစ်ပြီး မေ ၃၀ ရက်မှာ ရေတက်လာတာကြောင့် စစ်ရှောင်တန်းလျား ၁၀ ခုထက်မနည်းနဲ့ ဒေသခံအိမ်တချို့ မျောပါ ပျက်စီးခဲ့ပါတယ်။

ချီဖွေမှာ ရေအကြီးဆုံးဖြစ်ခဲ့တဲ့ မနှစ်ကထက် ဒီနှစ် ရေပိုများပြီး ရေတက်နှုန်းမြန်တာကြောင့် အနိမ့်ပိုင်းက အိမ်တွေ ပစ္စည်သိမ်းချိန်တောင်မရဘဲ ပျက်စီးဆုံးရှုံးကြရတယ်လို့ သိရပါတယ်။

ဇွန် ၁ ရက် မနေ့မနက်ပိုင်းက ရေနည်းနည်းပြန်ကျသွားပြီး နေ့လယ်ပိုင်းမှာ ရေပြန်တက်ခဲ့သလို ဒီနေ့မှာ မိုးလည်းရွာနေပြီး ရေကြီးနေတုန်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးလေဝသဦးစီးမှူးကလည်း ဧရာဝတီမြစ်ရေရဲ့ အခြေအနေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ထုတ်ပြန်ပေးနေပြီး ဒီမနက် ၇ နာရီခွဲအချိန်က မြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာထက် ကျော်လွန်သွားခဲ့ပြီး ၁၁ နာရီခွဲမှာတော့ ရေပြန်ကျတာကြောင့် စိုးရိမ်ရေမှတ်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခွဲလောက် ထပ်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024