DVB Logo
Home
မြန်မာသတင်း
ချီဖွေတွင် စစ်ရှောင်တန်းလျားနှင့် အိမ်များ ရေထဲမျောပါ
DVB
·
June 2, 2025
ချီဖွေတွင် စစ်ရှောင်တန်းလျားနှင့် အိမ်များ ရေထဲမျောပါ
1 / 7
Donate to DVB

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ မေခမြစ်ရေတက်လို့ စစ်ဘေးရှောင်တန်းလျား ၁၀ ခုထက်မနည်းနဲ့ ဒေသခံအိမ်တချို့ မျောပါပျက်စီးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစလို့ ချီဖွေမှာ မိုးရွာနေတာဖြစ်ပြီး မေ ၃၀ ရက်မှာ ရေတက်လာတာ ဖြစ်ကာ မနေ့ကထိ ရေတက်နေတုန်းပဲလို့ ဒေသခံက ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ရှောင်စခန်းတွေက ဟောခန်းတွေ။ တဟောမှာ အိမ်ခြေ ၅ အိမ်၊ ဟောခန်း ၁၀ ကျော် (မျော)ပါသွားတယ်။ ဒေသခံအိမ်တွေက ၁၀ အိမ်လောက်ရှိမယ်” လို့ ပြောပါတယ်။

ရေတက်နှုန်းမြန်တာကြောင့် အနိမ့်ပိုင်းကအိမ်တွေ ပစ္စည်သိမ်းချိန်တောင်မရဘဲ ပျက်စီး ဆုံးရှုံးကြရတယ်လို့ သိရပါတယ်။

ဒေသခံက “မနက်ခင်း ရေအနည်းငယ်ကျပြီး မနေ့ နေ့ခင်း ရေတွေ ပြန်တက်လာနေပြီ။ ချီဖွေမြို့ အခြေအနေ စိတ်ချလို့တော့ မရသေးဘူး။ တမြို့လုံးနီးပါးအကုန် ဂရုစိုက်ဖို့လိုနေတယ်။ မိုးကလည်း ဆက်ပြီးရွာနေသေးတယ်။ တောင်ပြိုမှာလည်းကြောက်ရတယ်” လို့ ပြောပါတယ်။

ချီဖွေမှာ ရေအကြီးဆုံးဖြစ်ခဲ့တဲ့ မနှစ်ကထက် ဒီနှစ် ရေပိုများပြီး ရေတက်တာလည်း မြန်တယ်လို့ ဒေသခံက ဆိုပါတယ်။

ရစ်လော်ရပ်ကွက်၊ ကန်ပိုင်ရပ်ကွက်နဲ့ ဥက္ကပ်ရပ်ကွက်တို့ ရေနစ်မြုပ်နေပြီး ရေနစ်မြုပ်တဲ့ နေရာတွေက ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ရေလွတ်ရာဘုရားကျောင်းတွေနဲ့ တောင်ကုန်းတွေပေါ်မှာ ရှောင်နေကြရပါတယ်။

ကချင်ပြည်နယ် မိုးလေဝသဦးစီးမှူးကလည်း ဧရာဝတီမြစ်ရေရဲ့ အခြေအနေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ပေးနေပြီး လက်ရှိမှာ ရေဟာ ၁ နာရီကို ၃ လက်မလောက် ဆက်တက်နေတယ်လို့ ဆိုပါတယ်။

ဇွန် ၁ ရက် ည ၇ နာရီခွဲမှာ မြစ်ရေဟာ ၁,၁၃၂ စင်တီမီတာရှိတာကြောင့် စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁,၂၀၀ စင်တီမီတာကိုရောက်ဖို့  ၂၆၆ စင်တီမီတာ (၂ ပေ) ပဲလိုတော့ပြီး အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေပြီ ဖြစ်ပါတယ်။

Photo : Johnwu LumJhid

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013