DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် LGBT လမ်းလျှောက်ပွဲ၌  စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံ)
DVB
·
June 2, 2025
ဘန်ကောက် LGBT လမ်းလျှောက်ပွဲ၌  စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံ)
1 / 12
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဇွန် ၁ ရက်ကလုပ်တဲ့ လိင်စိတ်ခံယူမှု စုံလင်ကွဲပြားသူများနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲမှာ မြန်မာစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားသူတွေ ကလည်း ‘Myanmar Junta Has No Pride တော်လှန်အလံတွေ လွှင့်ကြ အာဏာရှင်တွေ ဖြုတ်ချ’ စာတန်းကိုင်ပြီး ပါဝင်ချီတက်ခဲ့ကြပါတယ်။

ပါဝင်တက်ရောက်ခဲ့သူ ကိုထက်က “စစ်တပ်က မတရားဖိနှိပ်အကြမ်းဖက်နေတဲ့ ကိစ္စတွေ ပေါ်လွင်အောင် (ဆန္ဒ) လာပြတာရယ်။ နောက်တခုက တော်လှန်အလံတွေ လွှင့်ကြ အာဏာရှင်တွေ ဖြုတ်ချ ဆိုတာက ဒါ LGBT အလံဆိုတာကလည်း တော်လှန်ရေးအလံပဲ။ Revolution ပဲ။ တခြားသော တော်လှန်ရေးအလံတွေလည်း အတူတူလွှင့်မှရမှာဆိုတော့ ဒီတမျိုးတည်းနဲ့မဟုတ်ဘဲ အားလုံး လွှင့်ပြီးတော့ ကျနော်တို့ အာဏာရှင်တွေကိုဖြုတ်ချမှပဲ ကျနော်တို့ရဲ့ ပန်းပေါင်းတရာပွင့်နိုင်မှာပေါ့ဗျာ” လို့ ပြောပါတယ်။

ဘန်ကောက်က လူထုလှုပ်ရှားမှုမှာ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်လည်း တက်ရောက်ခဲ့ပါတယ်။

လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ LIBERA က “လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့၊ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဂုဏ်သိက္ခာ National Pride ကို ပြန်လည်ဖော်ဆောင်နိုင်ဖို့၊ မြန်မာ့စစ်အာဏာရှင်တွေ ဖြုတ်ချနိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်နိုင်ရေး အစရှိတဲ့ မြန်မာ့နိုင်ငံအရေးတွေကို ကမ္ဘာ့လူသားမျိုးနွယ်စု အရပ်ရပ်က သိရှိစေဖို့အတွက် ရည်ရွယ်ပြီး ‘Myanmar Junta Has No Pride’ ဆိုတဲ့ စာသားနဲ့အတူ လှုပ်ရှားပါဝင်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

နှစ်စဉ် ဇွန်လကို လိင်စိတ်ခံယူမှုကွဲပြားသူတွေကို အသိအမှတ်ပြုဖို့၊ ပညာပေးဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ Pride Month လို့ သတ်မှတ်လှုပ်ရှားလေ့ရှိပြီး ဘန်ကောက်က လူထုလှုပ်ရှားမှုမှာ လူဦးရေ ၃ သိန်းလောက် တက်ရောက်မယ်လို့ Bangkok Pride စီစဉ်သူတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013