
တဖက်သတ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အမေရိကန်၊ တရုတ် ၂ နိုင်ငံစလုံးနဲ့ ဆက်ဆံသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။
“အမှန်တော့ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ရှိနေပေးတဲ့ အမေရိကန်ရဲ့ ခိုင်မာပြီး ရေရှည်ရပ်တည်ပေးမှုကို ကျနော်တို့ ကြိုဆိုသလို တရုတ်နိုင်ငံနဲ့ ခိုင်မာတဲ့ဆက်ဆံမှုကိုလည်း တန်ဖိုးထားပါတယ်။ အရှေ့တောင်အာရှ လိုအပ်နေတာက နိုင်ငံရေးပိတ်ဆို့မှုမပါတဲ့ တည်ငြိမ်မှု၊ အနိုင်ကျင့်မှုတွေမပါတဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စီးပွားရေးတည်ငြိမ်မှုရှိတာကို လိုအပ်ပါတယ်” လို့ မေ ၃၁ ရက် လုံခြုံရေးထိပ်သီးအစည်းအဝေးမှာ အန်ဝါက ပြောပါတယ်။
အန်ဝါဟာ ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ဒီထုတ်ပြန်ချက် ထွက်လာတာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးပွဲမှာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှ ခေါင်းဆောင်တွေ၊ တရုတ်ဝန်ကြီးချုပ်နဲ့လည်း အန်ဝါက ဆွေးနွေးခဲ့ပါတယ်။
စင်ကာပူနိုင်ငံမှာ မေ ၃၀ ရက်နေ့ကနေ ဇွန် ၁ ရက်နေ့အထိ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးပွဲကို သံတမန်တွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ ကမ္ဘာ့လုံခြုံရေး သုံးသပ်သူတွေ၊ လက်နက်ထုတ်လုပ်သူတွေ၊ ကာကွယ်ရေးဌာနအကြီးအကဲတွေ တက်ရောက်နေပါတယ်။
Source: Reuters