Home
နိုင်ငံတကာ
ထိုင်ဝမ်ကို လက်နက်ရောင်းချမှုရပ်ရန် အမေရိကန်ကို တရုတ် တောင်းဆို 
DVB
·
June 1, 2025
Photo: Reuters

ထိုင်ဝမ်ကို အမေရိကန်လက်နက်တွေရောင်းချနေတာ ရပ်တန့်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပေကျင်းမှာ မေ ၃၀ ရက်ကပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ လက်နက်ရောင်းချတဲ့ အမေရိကန်ကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ ပြောပါတယ်။

ထိုင်ဝမ်ကျွန်းကို တရုတ်က စစ်ရေးအရှိန်မြှင့်တင်မှုကိုတားဆီးဖို့ အမေရိကန်နိုင်ငံက သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ ပထမသမ္မတသက်တမ်းကထက်ပိုပြီး လက်နက်ရောင်းချဖို့ စီစဉ်ထားပါတယ်။ 

အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှု တိုးမြှင့်လာရင် အမေရိကန်-တရုတ် ဆက်ဆံရေးက ပိုပြီး တင်းမာလာဖွယ် ရှိပါတယ်။ 

အမေရိကန်ဟာ ၁၉၇၉ ခုနှစ်ကတည်းက ထိုင်ဝမ်ကို လက်နက်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ထရမ့်ပ်ရဲ့ ပထမသမ္မတသက်တမ်းမှာ ဒေါ်လာ ၁၈ ဒသမ ၃ ဘီလျံတန်ကြေးရှိတဲ့ လက်နက်တွေ ရောင်းချခဲ့ဖူးပြီး သမ္မတဂျိုးဘိုင်ဒန် လက်ထက်မှာ ဒေါ်လာ ၈ ဒသမ ၄ ဘီလျံ ရောင်းချခဲ့ဖူးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

ထိုင်ဝမ်သမ္မတကလည်း ဒီနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်း တိုးမြှင့်အသုံးပြုမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။  

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024