
မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်အသင်းအနေနဲ့ အသင်းမှာဆက်ရှိဖို မျှော်လင့်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောပါတယ်။
ဖာနန်ဒက်စ်ကို ဆော်ဒီကလပ်အယ်လ်ဟီလာအသင်းက မက်မောစရာ လုပ်ခလစာနဲ့ ကမ်းလှမ်ထားပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ဆော်ဒီကလပ်တို့ ဆွေးနွေးမှုတွေရှိခဲ့တာပါ။
ဖာနန်ဒက်စ်အနေနဲ့ အကောင်းဆုံးလိဂ်ပြိုင်ပွဲမှာရှိနေဖို့လိုအပ်ပြီး ဖာနန်ဒက်စ်နဲ့ အနာဂတ်ကိစ္စ စကားပြောဆိုတိုင်းမှာ အသင်းမှာပဲဆက်ရှိမယ်လို့ပြောကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဒါပေမဲ့ အနာဂတ်ကိစ္စတိုင်းက ကြိုတင်ခန့်မှန်းလို့ မရနိုင်ကြောင်းလည်း နည်းပြ အာမိုရင်က ပြောပါတယ်။
အယ်လ်ဟီလာအသင်းဟာ ဖာနန်ဒက်စ်ကို မန်ယူမှာရရှိနေတဲ့လုပ်ခထက် ၃ ဆနီးပါး ပိုပေးမှာဖြစ်သလို ဆုကြေးတွေအပါအဝင် ဝင်ငွေအခွန်ကင်းလွတ်ခွင့်လည်း ပေးဦးမှာဖြစ်လို့ အသက် ၃၀ ကျော်လာတော့မယ့် ကစားသမားတယောက်အတွက် မက်မောစရာ အခြေအနေဖြစ်နေ ပါတယ်။
Photo: Reuters