
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဇ်ဟာ ဒဏ်ရာပြဿနာကြောင့် ပေါ်တူဂီအသင်းက နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။
အဲဒီမတိုင်ခင် ဝေလအသင်းကို ၁-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်ဟာ ပွဲပြီးခါနီးမှ လူစားလဲခဲ့ရတာပါ။
အခုအခါ အော်စလိုမှာ ကစားရတဲ့ နော်ဝေနဲ့ပွဲကို လွဲချော်ခဲ့ပြီး သူ့နေရာမှာ ယာအိုဖဲလစ်က ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
မန်ယူအသင်းရဲ့ ကစားသမား ပက်ထရစ်ဒေါဂူးဟာလည်း ဒိန်းမတ်အသင်းအတွက် ကစားပေးရင်း စောစီးစွာ လူစားလဲခံခဲ့ရပါတယ်။
နည်းပြကတော့ ဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ နာကျင်မှုကို အောင့်စည်းပြီး ကစားနေရတာလို့ ပြောသွားခဲ့တာပါ။
အဓိကကစားသမား ၂ ယောက် ဒဏ်ရာရရှိလာတာကြောင့် မန်ယူအသင်းအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။










