DVB Logo
Home
နိုင်ငံတကာ
တောင်အာဖရိကတွင် သမီးအရင်းကို လူကုန်ကူးခဲ့သည့် မိခင် ထောင်ဒဏ်တသက်ချမှတ်ခံရ 
DVB
·
May 31, 2025
တောင်အာဖရိကတွင် သမီးအရင်းကို လူကုန်ကူးခဲ့သည့် မိခင် ထောင်ဒဏ်တသက်ချမှတ်ခံရ 
Donate to DVB

တောင်အာဖရိကနိုင်ငံမှာ  ၆ နှစ်အရွယ် သမီးအရင်းကို လူကုန်ကူးရောင်းစားခဲ့တဲ့ မိခင်တယောက်နဲ့ ကြံရာပါ ၂ ယောက်တို့ကို မေ ၂၉ ရက်က ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပြီး ဒီအမှုဟာ မနှစ်က ကလေးပျောက်ဆုံးသွားချိန်ကတည်းက တနိုင်ငံလုံး အာရုံစိုက်မိခဲ့ကြတဲ့အမှုလည်း ဖြစ်ပါတယ်။

ကိပ်အနောက်ပိုင်းရှိ မြို့ငယ်လေးမှ ယို့ရှ်လင်းန် စမစ်သ်အမည်ရှိ ၆ နှစ်သမီးလေး ပျောက်ဆုံးသွားခဲ့ပြီးနောက်မှာ မိခင်အရင်းဖြစ်တဲ့ ကယ်လီစမစ်သ်၊ သူ့ရည်းစားယဲ့ကန် အပေါလစ္စ်နဲ့ သူတို့ရဲ့မိတ်ဆွေ စတီဗီနို ဗန်ရိုင်တို့ကို ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုတို့နဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

နိုင်ငံကို ထိတ်လန့်စေတဲ့ တရားခွင်တခုမှာ မိခင်ဖြစ်သူ ကယ်လီစမစ်သ်က သူ့သမီးကို ဆန်ဂိုမာ ခေါ် တိုင်းရင်းဆေးဆရာတစ်ယောက်ဆီ ရန်းဒ်ငွေ ၂၀၀၀၀ (ဒေါ်လာ ၁၁၀၀ လောက်) နဲ့ ရောင်းစားခဲ့တာဖြစ်ကြောင်းနဲ့ ကလေးဆီက မျက်လုံးနဲ့ အရေပြားကို လိုချင်နေခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့တယ် လို့  မျက်မြင်သက်သေက ပြောပြပါတယ်။

ကိပ်အနောက်ပိုင်း အထက်တရားရုံးတော်မှ တရားသူကြီး နာသန်အီရာ့မာ့စ် က “သူတို့ ၃ ယောက်ကို ပြန်ပေးဆွဲမှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားတာဖြစ်ပြီး လူကုန်ကူးမှုနဲ့ ပတ်သက်လို့  ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရပြီး ဥပဒေအရ အမှု ၂ ခုလုံးကို တပြိုင်နက်တည်း စီရင်ချက်ချရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

ပျောက်ဆုံးနေတဲ့ ၆ နှစ်သမီးလေး ယို့ရှ်လင်းန် စမစ်သ်ကို ရဲတွေက ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနေပေမဲ့ အခုထိ ရှာမတွေ့သေးပါဘူး။

ပျောက်ဆုံးနေတဲ့ ယို့ရှ်လင်းန်ကိုရော၊ တခြားပျောက်ဆုံးနေတဲ့ကလေးငယ်တွေကို အားလုံးကို ရှာတွေ့ဖို့နဲ့ ဒီနေ့အထိ သူတို့အမှုကို အကောင်အထည်ဖော်ဖို့ အခွင့်မသာသေးတဲ့ ပျောက်ဆုံး ကလေးတွေအားလုံးအတွက် အတူတူပူးပေါင်းဆောင်ရွက်ကြဖို့နဲ့  ကိပ်အနောက်ပိုင်း ရဲတပ်ဖွဲ့ ကော်မရှင်နာ သမ်ဘစ်ဆဲလ် ပါတယ်ကိုင်းလ်က မေတ္တာရပ်ခဲ့ခံပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013