DVB Logo
Home
မြန်မာသတင်း
ငလျင်ပြန်ထူထောင်ရေး ကျပ်ဘီလီယံ ၇၀၀ ထုတ်ချေးမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
May 31, 2025
ငလျင်ပြန်ထူထောင်ရေး ကျပ်ဘီလီယံ ၇၀၀ ထုတ်ချေးမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့အတွက် ကျပ်ဘီလီယံ ၇၀၀ ထုတ်ချေးပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မေ ၃၀ ရက်၊ မနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ‘ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း’ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဖြစ်နိုင်သရွေ့ အတိုးနှုန်းသက်သက်သာသာနဲ့ ချေးနိုင်အောင် တာဝန်ရှိသူတွေ၊ အတွေ့အကြုံရှိသူတွေ ဆွေးနွေးကြဖို့လည်း သူက ပြောပါတယ်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ဘီလီယံ ၂၂၆ လောက် လက်ကျန်ရှိနေသေးပြီး ဒါကိုလည်း အကျိုးရှိရှိအသုံးချနိုင်ရေး ထုတ်ပေးသွားချင်တယ်လို့လည်း ဆိုပါတယ်။

မန္တလေးက ငလျင်ဒဏ်သင့်ပြည်သူတယောက်က “ချေးငွေတွေက တကယ်ရ မရတော့မသိဘူး။ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်တောင် အိမ်ကို ခုချိန်ထိမဖြိုနိုင်သေးဘူး။ ကူညီထောက်ပံ့ရေး ပစ္စည်းတွေဆိုတာကလည်း ဘာမှရေရေရာရာမရဘူး။ ကိုယ့်အားကိုယ်ကိုးနေရတာ။ ငလျင်ကြောင့် ထိခိုက်နစ်နာခဲ့တဲ့သူတွေကိုတောင် သူတို့ဘာမှမလုပ်ပေးနိုင်ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က နေပြည်တော်မှာလုပ်တဲ့ ငလျင်ဘေးထူထောင်ရေး ပထမအကြိမ် အလှူငွေပေးအပ်ပွဲမှာ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေက ကျပ် ၁၁၂ ဒသမ ၈၇ ဘီလီယံနဲ့ အလှူပစ္စည်းတန်ဖိုး  ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်းကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့ပြီဂ မေ ၂၉ ရက်က နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာမှာလည်း ပြည်တွင်း ပြည်ပအလှူရှင်တွေက အလှူငွေ ကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်ကို စစ်ကောင်စီဆီ ပေးခဲ့ကြပါတယ်။

မတ် ၂၈ ရက်နေ့ကလှုပ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်ငလျင်ကြီးကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ လူနေအဆောက်အအုံတွေ၊ ရှေးဟောင်းအဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်း အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013