
မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ အေးဂျင့်နဲ့ ဆော်ဒီကလပ် အယ်ဟီလာအသင်း တာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အယ်ဟီလာအသင်းဟာ မန်ယူအသင်းခေါင်းဆောင်အတွက် ပေါင်သန်း ၂၀၀ တန် ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး အေးဂျင့်နဲ့ ဆွေးနွေးမှုမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အယ်ဟီလာအသင်းဟာ ဖာနန်ဒက်စ်နဲ့ သဘောတူညီမှုရရှိ မယ်ဆိုရင် မန်ယူအသင်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ ဝန်းကျင်ပေးပြီး တရားဝင်ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
ဖာနန်ဒက်စ်ရဲ့အေးဂျင့် မီဂွယ်ပင်ဟိုဟာလည်း ဆော်ဒီမှာရောက်ရှိနေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့မြင်ရပါတယ်။
မန်ယူအသင်းဘက်က အသင်းရဲ့အငြင်းပွားဖွယ်မရှိ အကောင်းဆုံးကစားသမားဖြစ်သူ ဖာနန်ဒက်စ် ကို လက်မလွှတ်ချင်ပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ပြေလည်ဖို့ အတွက် ရောင်းချဖို့ စဉ်းစားနိုင်တယ်လို့ သိရပါတယ်။
Photo:Reuters