DVB Logo
Home
နိုင်ငံတကာ
တရုတ်အမြတ်ထုတ်မှုနှင့် သုတေသနခိုးယူမှုများကို သည်းခံမည်မဟုတ်ဟု အမေရိကန် ပြော
DVB
·
May 30, 2025
တရုတ်အမြတ်ထုတ်မှုနှင့် သုတေသနခိုးယူမှုများကို သည်းခံမည်မဟုတ်ဟု အမေရိကန် ပြော
Donate to DVB

တရုတ်ကွန်မြူနစ်ပါတီက အမေရိကန်တက္ကသိုလ်တွေကို အမြတ်ထုတ်ခြင်း၊ အမေရိကန်ရဲ့ သုတေသနနဲ့ ဉာဏပစ္စည်းတွေ ခိုးယူတာမျိုးကို အမေရိကန်အစိုးရက သည်းခံမှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ်က မေ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနဟာ အမေရိကန်တွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ဖို့နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆိုးရွားတဲ့ သြဇာလွှမ်းမိုးမှုနဲ့ လုပ်ရပ်တွေကို တန်ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်လို့ နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တမ်မီဘရုစ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ ဗီဇာတွေကို ပြန်ရုပ်သိမ်းမယ့် အစီအစဉ်သစ်ကြောင့် တရုတ်ကျောင်းသား အရေအတွက် ဘယ်လောက်ထိခိုက်မယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ တာဝန်ရှိသူတွေက နိုင်ငံအတွက် အန္တရာယ်ဖြစ်နိုင်သူတွေ သို့မဟုတ် ပြဿနာ ဖြစ်စေနိုင်သူတွေကို တိတိကျကျ စိစစ်သွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အန္တရာယ်ဖြစ်စေနိုင်သူတွေကို ဘယ်လိုသတ်မှတ်မယ် ဆိုတာကို အသေးစိတ် ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက သူကြေညာခဲ့တဲ့ ဗီဇာတင်းကျပ်မှု မူဝါဒအသစ်ဟာ တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ အဆက်အစပ်ရှိသူတွေ အပါအဝင် အရေးကြီး ဘာသာရပ် နယ်ပယ်တွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကကို ဘေးကင်းအောင် စောင့်ရှောက်တဲ့နေရာမှာ အမေရိကန်တက္ကသိုလ်တွေကို CCP ရဲ့ အမြတ်ထုတ်တာ ဒါမှမဟုတ် စစ်ရေးစွမ်းအား ကြီးထွားလာဖို့ အမေရိကန် သုတေသန ဉာဏပစ္စည်း ဒါမှမဟုတ် နည်းပညာတွေ ခိုးယူတာ၊ ထောက်လှမ်းရေးတွေ စုဆောင်းတာ ဒါမှမဟုတ် အတိုက်အခံတွေရဲ့ အသံတွေကို ဖိနှိပ်တာကို အမေရိကန်က သည်းခံမှာမဟုတ်ဘူးလို့  တမ်မီဘရုစ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်အစိုးရက ကမ္ဘာတဝန်းရှိ အမေရိကန်သံရုံးတွေကို ကျောင်းသားတွေနဲ့ ဧည့်သည်ဗီဇာအတွက် အင်တာဗျူး ချိန်းဆိုမှုအသစ်တွေ ရပ်ဖို့ အမိန့်ပေးခဲ့ပြီးနောက်မှာ တရုတ်ကျောင်းသားဗီဇာ ကိုင်ဆောင်ထားသူတွေနဲ့ ပတ်သက်တဲ့ ကြေညာချက် ထွက်လာတာပါ။

ချိန်းဆိုမှုတွေကို အွန်လိုင်းမှာ ဘယ်အချိန်ပြန်လာမလဲ မေးမြန်းကြည့်တာကို တမ်မီဘရုစ်က ပြန်ဖြေကြားခြင်း မပြုပေမဲ့ အခုအချိန်မှာ ကြန့်ကြာမှုတွေ ရှိလာနိုင်ပြီးတော့ လျှောက်ထားသူတွေဟာ ချိန်းဆိုမှုအသစ်တွေအတွက် အမေရိကန်ဗီဇာစနစ်ကို ပုံမှန်စစ်ဆေးနေဖို့ အကြံပြုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013