DVB Logo
Home
နိုင်ငံတကာ
ကုန်သွယ်ရေးသဘောတူညီချက်အတွက် UAE နှင့် EU တို့ စတင်ညှိနှိုင်း
DVB
·
May 30, 2025
ကုန်သွယ်ရေးသဘောတူညီချက်အတွက် UAE နှင့် EU တို့ စတင်ညှိနှိုင်း
Donate to DVB

ဥရောပသမဂ္ဂ (EU) နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ဟာ ကုန်သွယ်ရေး သဘောတူညီချက်အတွက် တရားဝင် စေ့စပ်ညှိနှိုင်းခဲ့တယ်လို့ ဥရောပကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး မာရို့စ် ဆက်ဖ်ကိုဗစ်ခ်က မေ ၂၈ ရက်မှာ ပြောပါတယ်။

UAE နဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်အတွက် နှစ်နိုင်ငံ ဆွေးနွေးမှုတွေဟာ နိုင်ငံ ၂၇ နိုင်ငံပါတဲ့ EU အစုအဖွဲ့နဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တို့ကြား သဘောတူညီချက်အတွက် အတားအဆီးအဖြစ် မမြင်ဘူးလို့ UAE ကုန်သွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

UAE ဟာ အခုအချိန်ကစပြီး ၃ လကနေ ၆ လအတွင်း EU နဲ့ အပြန်အလှန် သဘောတူညီချက် တရပ်ကို ချုပ်ဆိုဖို့ စိတ်အားထက်သန်နေတယ်လို့လည်း ပြောပါတယ်။

EU နဲ့ UAE တို့ရဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမှုအတွက် UAE ကုန်သွယ်ရေးဝန်ကြီးနဲ့ EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးတို့ ဒူဘိုင်းမြို့မှာ ဆွေးနွေးနေတာပါ။

သြဇာကြီးမားပြီး ရေနံကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ UAE ဟာ ပင်လယ်ကွေ့ဒေသမှာ EU ရဲ့ နက်နဲတဲ့ ပါဝင်ပတ်သက်မှုကို ကာလရှည်ကြာ ထောက်ခံအားပေးခဲ့ပြီး GCC ဟာလည်း EU ရဲ့ ဆဋ္ဌမမြောက် အကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက UAE ဟာ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့နဲ့ ရေရှည်တိုးတက်မှု အလားအလာကို အားကောင်းစေဖို့ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်တွေလို့ ခေါ်တဲ့ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို စတင် ဆောင်ရွက်ခဲ့ပါတယ်။

EU နဲ့ GCC တို့ဟာ လွန်ခဲ့တဲ့ ၃၅ နှစ်က ကုန်သွယ်ရေး ဆွေးနွေးပွဲကို စခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်မှာ ဆွေးနွေးပွဲတွေကို တရားဝင် ရပ်ဆိုင်းခဲ့ပါတယ်။

Source: Reuters  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013