
ဖိလစ်ပိုင်၊ အာဆီယံတို့နဲ့ သီးခြားစီလုပ်နေတဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက် များဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ ကနေဒါကုန်သွယ်ရေးဝန်ကြီး က စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
ဝန်ကြီးချုပ် မာ့ခ်ကာနေးက နိုဝင်ဘာလမှာ မနီလာမြို့တော်ဆီ လာလည်ချိန်မှာ သဘောတူညီချက် ၂ ခု စလုံး အဆင်သင့်ဖြစ်စေဖို့ ကနေဒါအစိုးရက ကြိုးပမ်းနေတာပါ။
သဘောတူညီချက်တခု ရစေဖို့ နှစ်ဖက်စလုံးမှာ စိတ်အားထက်သန်မှုတွေ ရှိနေပြီး ဒါက အရေးအကြီးဆုံး အစိတ်အပိုင်းပါပဲလို့ မနီလာမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ စီးပွားရေး ဝန်ကြီးများအစည်းအဝေးတွေနဲ့ ဆက်စပ်အစီအစဉ်တခုအတွင်း လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကုန်သွယ်ရေးဝန်ကြီးမနင်ဒါဆစ်ဒူးက ပြောပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ ဒီကြိုးပမ်းချက်ဟာ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုတွေ မြင့်တက် လာချိန်မှာ စီးပွားရေးဆက်ဆံမှုတွေ ကွဲပြားစုံလင်စေဖို့နဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ကနေဒါရဲ့ ပိုကျယ်ပြန့်တဲ့ မဟာဗျူဟာ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လောင်စာဆီထောက်ပံ့မှုကို ကွဲပြားစုံလင်စေဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုအတွက် အဓိကကျတဲ့ လမ်းကြောင်း တခု ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကတဆင့် သင်္ဘောသွားလာမှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် လောင်စာဆီတင်သွင်းမှုကို အဓိက အားထားနေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စွမ်းအင်ကုန်ကျစရိတ် မြင့်တက်လာခြင်းနဲ့ ထောက်ပံ့မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်နေရပါတယ်။
Source:Reuters











