
ဆော်ဒီ အယ်နာဆာအသင်းရဲ့ အားကစားဒါရိုက်တာ ဖာနန်ဒိုဟိုက်ရိုက စီရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းလုပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သတင်းတွေ တော်တော်များများမှာတော့ ရော်နယ်ဒိုဟာ ဖီဖာရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရတဲ့အသင်းမှာ ကစားဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြနေကြပါတယ်။
အဲဒီပြိုင်ပွဲဟာ လာမယ့် ဇွန်လ ၁၄ ရက် အမေရိကန်နိုင်ငံမှာ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကလည်း ထူးခြားတဲ့ အပြောင်းအရွှေ့တွေကြောင့် ရော်နယ်လ်ဒို အနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်တယ်လို့ ပြောဆိုထားပါတယ်။
အသက် ၄၀ အရွယ် ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်မှာ ၂ နှစ်ဆက်တိုက် ဂိုးသွင်းအများဆုံးသူ ဖြစ်ပေမဲ့ အသင်းကတော့ ချန်ပီယံဆုနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ အယ်နာဆာအသင်းတို့ စာချုပ်ဟာ လာမယ့် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။