DVB Logo
Home
နိုင်ငံတကာ
ဟားဗတ်တက္ကသိုလ်နှင့် ချုပ်ဆိုထားသည့် ဒေါ်လာသန်း ၁၀၀ တန် စာချုပ်များ ပယ်ဖျက်ရန် ထရမ့်ပ် ကြိုးပမ်း
DVB
·
May 29, 2025
ဟားဗတ်တက္ကသိုလ်နှင့် ချုပ်ဆိုထားသည့် ဒေါ်လာသန်း ၁၀၀ တန် စာချုပ်များ ပယ်ဖျက်ရန် ထရမ့်ပ် ကြိုးပမ်း
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ဟားဗတ်တက္ကသိုလ်နဲ့ ချုပ်ဆိုထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိတဲ့ စာချုပ်တွေကို ပယ်ဖျက်ဖို့ ဖယ်ဒရယ် အေဂျင်စီတွေကို တောင်းဆိုနေပါတယ်။

နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အချမ်းသာဆုံးတက္ကသိုလ်နဲ့ သမ္မတထရမ့်ပ်တို့ရဲ့ ထိပ်တိုက်တွေ့မှု ပိုပြင်းထန်လာနေတာပါ။

အထွေထွေဝန်ဆောင်မှုများ စီမံခန့်ခွဲရေးဌာနက ဖယ်ဒရယ်အေဂျင်စီတွေဆီ အင်္ဂါနေ့က ပေးပို့တဲ့ စာထဲမှာ ဖြတ်တောက်မှုအသစ်တွေကို တောင်းဆိုထားတယ်လို့ New York Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထရမ့်ပ်က တက္ကသိုလ်နဲ့ စာချုပ်တွေကို ပြန်သုံးသပ်ဖို့ အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။  မူဝါဒအများအပြားကို ပြုပြင်ပြောင်းလဲဖို့ အစိုးရရဲ့ တောင်းဆိုချက်တွေကို ဟားဗတ်က ပယ်ချအပြီးမှာ ပုဂ္ဂလိကပိုင် သုတေသနတက္ကသိုလ် ဟားဗတ်အတွက် ဖယ်ဒရယ် သုတေသန ထောက်ပံ့ကြေး ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျော်ကို အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။

ထရမ့်ပ်က ဟားဗတ်တက္ကသိုလ်ဟာ လစ်ဘရယ်ဝါဒနဲ့ ဆီမိုက် မျိုးနွယ်စုတွေကို ဆန့်ကျင်တဲ့ အဓိကနေရာလို့လည်း ခေါ်ဝေါ်ခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ ဦးဆောင်မှု၊ အုပ်ချုပ်မှုနဲ့ ဝင်ခွင့်မူဝါဒတွေကို ပြောင်းဖို့ အစိုးရရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဟားဗတ်က ဧပြီ ၂၁ ရက်မှာ အမေရိကန်အစိုးရကို တရားစွဲခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အစိုးရက တက္ကသိုလ်ရဲ့ ဖက်ဒရယ်ရန်ပုံငွေကို ဖြတ်တောက်ခဲ့ပြီး နိုင်ငံတကာကျောင်းသား စာရင်းသွင်းမှုကို ဖြတ်တောက်တဲ့အပြင် အခွန်ကင်းလွတ်ခွင့် အခြေအနေကို ခြိမ်းခြောက်ခဲ့ပါတယ်။

လက်ရှိမှာ ဟားဗတ်တက္ကသိုလ်က ရန်ပုံငွေ ရပ်ဆိုင်းတာတွေ၊ နိုင်ငံတကာကျောင်းသားတွေ တက္ကသိုလ်တက်ဖို့ ကြိုးပမ်းချက်တွေကို ပိတ်ပင်ထားတာတွေနဲ့ ပတ်သက်ပြီး အစိုးရကို သီးခြား တရားစွဲဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013