အက်စတွန်ဗီလာ နည်းပြ အူနိုင်းအမ်မရီဟာ အသင်းနဲ့အတူ ၁၀ စုနှစ်တခုနီးပါး ကြာမြင့်မဲ့ စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုဖို့ လမ်းဖွင့်ထားပါတယ်။
အမ်မရီဟာ အသင်းပိုင်ရှင် နာဆာဖ် ဆာဝီရစ် အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အသင်းရဲ့ ရေရှည်စီမံကိန်းတွေအတွက် ဆွေးနွေးခဲ့တာပါ။
အဲဒီဆွေးနွေးမှုမှာ ၂၀၂၉ ခုနှစ်နောက်ပိုင်းအထိ အသင်းကို ဆက်လက်ဦးဆောင်သွားဖို့ အပြုသဘောဆောင်တဲ့ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။
အမ်မရီဟာ လက်ရှိမှာ တနှစ် ပေါင် ၁၅ သန်းဝန်းကျင် ရရှိနေသူဖြစ်ပြီး မန်ယူနည်းပြ မိုက်ကယ် ကာရစ် ရာထူးက ထုတ်ပယ်ခံရပါက အစားထိုးဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အက်စတွန်ဗီလာအသင်းကတော့ အမ်မရီနဲ့အတူ ထိပ်တန်းအဆင့်မှာ ရေရှည် ယှဉ်ပြိုင်သွားနိုင်ဖို့ ပန်းတိုင်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။











