DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းတွင် ရဲစခန်းမှူးက တရက် ကျပ် ၈ သိန်းကောက်ပြီး လောင်းကစား လုပ်ခွင့်ပေးနေ
DVB
·
May 29, 2025
ညောင်တုန်းတွင် ရဲစခန်းမှူးက တရက် ကျပ် ၈ သိန်းကောက်ပြီး လောင်းကစား လုပ်ခွင့်ပေးနေ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ထဲက ဆားမလောက်ရဲစခန်းအပိုင် အောက်စုကျေးရွာမှာ စခန်းမှူးနဲ့ နယ်ထိန်းတို့က တနေ့ ကျပ် ၈ သိန်းယူပြီး လောင်းကစားရုံ ဆောက်လုပ်ကာ တရားမဝင် လောင်းကစားတွေကို ပေါ်ပေါ်တင်တင် လုပ်နေဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ငွေကြေးပြည့်စုံသူတွေကို ဆားမလောက် နယ်မြေရဲစခန်းက စခန်းမှူး ကိုကိုမောင်၊ နယ်ထိန်း မြဘုန်းအောင်၊ အောင်ဌေးမင်းတို့က တနေ့ လောင်ကစားဝိုင်းလိုင်းကြေး ၈ သိန်းကျပ် ကောက်ယူကာ အောက်စုကျေးရွာ ဝါးရုံတောအောက်မှာ လောင်းကစားဝိုင်းတွေကို ရုံဆောက်လုပ်ပြီး မေလ ပထမအပတ်က စတင်ကာ တရားဝင်သဖွယ် ဖွင့်ထားခွင့်ပေးနေတာလို့ ဆိုပါတယ်။

ဆားမလောက်ကျေးရွာ ဒေသခံတယောက်က “တရားဝင်သဖွယ် လောင်းကစားတွေကို လုပ်နေတာ။ ငွေကြေးပြည့်စုံသူတွေက ဦးဆောင်လုပ်နေတာ။ တကယ့် ဥပဒေမဲ့ပဲ၊ သူတို့က ပိုက်ဆံကောက်ပြီး တရားမဝင် လောင်းကစားလုပ်နေတာ။ အာဏာပိုင် တာဝန်ရှိတဲ့သူတွေက ဒီလို လောင်းကစားတွေကို ထိန်းသိမ်းကြပ်မတ်ပေးရမယ့်အစား ခွင့်ပြုပေးထားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့စခန်းမှူး၊ နယ်ထိန်းတို့က တနေ့ ကျပ် ၈ သိန်းအထိ ကောက်ယူပြီး ခြောက်ကောင်ဝိုင်း၊ ဂျင်ဝိုင်း၊ ဖဲဝိုင်း စတဲ့ တရားမဝင်လောင်းကစားဝိုင်းတွေကို ခွင့်ပြုထားတာဖြစ်ပြီး တိုင်းတန်ပါက စစ်မှုထမ်းရမယ်လို့ နယ်ထိန်း မြဘုန်းအောင်က ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

ဆားမလောက်နယ်မြေရဲစခန်းနဲ့ နီးစပ်သူက “စခန်းမှူး ကိုကိုမောင်ဆို အခု ကား သိန်း ၉၀၀ လောက်တန်တဲ့ တစီးတောင် ဝယ်စီးထားပြီ။ အရပ်သားတွေကို တော်တော်ဖိတာ။ လောင်းကစားကိစ္စကို တိုင်တာ၊ အွန်လိုင်းပေါ်တင်တာ လုပ်ရင် ဖမ်းမယ်၊ စစ်မှုထမ်းဖို့ အထဲထည့်မယ်လို့ ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။

အခုလို လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် ရုံဆောက်ကာ လုပ်လာပြီးနောက်ပိုင်း ဆားမလောက်-ရန်ကုန် ကားလမ်းပေါ်မှာ ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာတွေ အလစ်သုတ် လုယက်ခံရတဲ့ ဖြစ်စဉ် တလအတွင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013