
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အတွက် ဘောလုံးသတင်းသမားများအသင်း (FWA)ရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။
ဘရူနိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်း၊ ၁၉ ကြိမ် ဂိုးဖန်တီးထားပြီး ၂၀၀၉-၂၀၁၀ ရာသီက ဝိန်းရွန်နီ နောက်ပိုင်း ဒီဆုကိုရတဲ့ ပထမဆုံး မန်ယူကစားသမား ဖြစ်လာပါတယ်။
အမျိုးသမီးဆုရှင် ဘန်နီရှောကတော့ ဒီရာသီ ၁၉ ဂိုးသွင်းထားပြီး ၃ နှစ်ဆက်တိုက် ရွှေဖိနပ်ဆုရဖို့ အခြေအနေကောင်းနေတာပါ။
အသက် ၃၁ နှစ်အရွယ် ဘရူနိုအနေနဲ့ လက်ကျန် ၃ ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ် ထပ်လုပ်နိုင်ရင် အွန်နရီနဲ့ ဒီဘရိုင်းနားတို့ တင်ထားတဲ့ ပရီးမီးယားလိဂ် တရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံးစံချိန် (၂၀ ကြိမ်) နဲ့ တူညီသွားတော့မှာ ဖြစ်ပါတယ်။
Photo:Reuters










