
မန်ချက်စတာယူနိုက်တက်နည်းပြကားရစ်ဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာကြောင့် ၂ ယောက်အကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် အသင်းခေါင်းဆောင်က မကျေနပ်မှုတွေ ရှိနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကားရစ်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဖာနန်ဒက်စ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
အသင်းအပေါ် သစ္စာရှိမှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာအပြီးမှာ နည်းပြနဲ့ ကစားသမားတို့အကြား အဆင်ပြေစေဖို့အတွက် အခုလို ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။











