
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါင်းဆောင်အဖြစ် ဘရူနို ဖာနန်ဒက်စ် ဆက်ရှိနေမှာဖြစ်ပြီး သူဟာ ကလပ်အသင်းအပေါ် အပြည့်အဝ ကတိကဝတ် ပြုထားတယ်လို့ နည်းပြ မိုက်ကယ်ကာရစ်ခ်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကိုမိုအသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ပြီးနောက် ဖာနန်ဒက်စ်က နည်းဗျူဟာတွေကို မေးခွန်းထုတ်ခဲ့လို့ ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးတဲ့ပွဲမှာ အရန်ခုံပို့ခံခဲ့ရတာပါ။
အဲဒီနောက် အင်္ဂါနေ့က လေ့ကျင့်ရေးကွင်းမှာ ၂ ယောက်သား ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖာနန်ဒက်စ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတယောက်ဖြစ်ပြီး သူ့ရဲ့ အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်လို့ ပြောင်းလဲစရာ မရှိဘူးလို့ ကာရစ်ခ်က အတည်ပြုပါတယ်။
ရာထူးဖြုတ်ခံရဖို့ ဖိအားဝင်နေတဲ့ နည်းပြကာရစ်ခ်ဟာ လာမဲ့ စနေနေ့ ချယ်လ်ဆီးနဲ့ ကစားမဲ့ပွဲကို ဆက်လက် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။











