DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပ
DVB
·
May 29, 2025
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပ
Donate to DVB

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကဗျာနဲ့ ဝတ္ထုတိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ နော်ဝေနိုင်ငံမှာရှိတဲ့ CRPH Support Group က ဖိတ်ခေါ်ထားပါတယ်။

အခုလို ဝတ္ထုတိုနဲ့ ကဗျာပြိုင်ပွဲကို ပြုလုပ်ရတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုဖို့ဖြစ်သလို မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် သူ ဆောင်ရွက်ခဲ့တာတွေကို ပြည်သူတွေက တန်ဖိုးထားကြောင်း ပြသချင်ပြီး စာတွေ၊ ကဗျာတွေ ဆိုတာတွေက ခေတ်တခေတ်ရဲ့ မှတ်တမ်းဖြစ်တာကြောင့် ဒီမှတ်တမ်းတွေကို ထင်ထင်ရှားရှား ကျန်ရစ်စေချင်လို့ စီစဉ်ဖြစ်တာလို့ CRPH Support Group Norway က အထွေထွေအတွင်းရေးမှူး မဝတ်မှုံဝင်းက ပြောပါတယ်။

ပြိုင်ပွဲဝင် ကဗျာနဲ့ ဝတ္ထုတိုစာမူတွေဟာ ကိုယ်တိုင်ရေးသားထားတဲ့ စာမူတွေ ဖြစ်ရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးဖြစ်စေ၊ နွေဦးတော်လှန်ရေးနဲ့ဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေကို ရေးဖွဲ့ထားတဲ့စာမူ ဖြစ်ရမှာဖြစ်ကာ မှီငြမ်းတာမျိုး ဘာသာပြန်တာမျိုးနဲ့ တခြားသူရဲ့စာမူကို ကူးယူဖော်ပြတာမျိုး မဖြစ်ရဘူးလို့လည်း ကြေညာထားပါတယ်။

ပေးပို့လိုသူတွေအနေနဲ့ ပြိုင်ပွဲဝင်စာမူတွေကို အကန့်အသတ်မရှိ ပေးပို့နိုင်ပြီး ဇွန် ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီ နောက်ဆုံးထား ပေးပို့ရမှာဖြစ်ကာ ဆုရွေးချယ်ရေးအဖွဲ့က အတည်ပြု ဆုံးဖြတ်ပြီးရင်တော့ ဆုရတဲ့စာမူတွေကို ဇွန် ၁၉ ရက်နေ့ ကြေညာပေးသွားမယ်လို့ ပွဲစီစဉ်သူတွေက တဆင့် သိရပါတယ်။

ဆုရတဲ့ စာမူတွေကို ပထမဆုအနေနဲ့ မြန်မာကျပ်ငွေ ၈ သိန်း၊ ဒုတိယဆုအနေနဲ့ ၄ သိန်း၊ တတိယဆုကို ၂ သိန်း ပေးအပ်သွားမှာဖြစ်ပြီး စာမူတွေကို [email protected] ကို ပေးပို့နိုင်ကာ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ CRPH Support Group Norway ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013