
ဒိန်းမတ် အိမ်စောင့်တပ်ဖွဲ့ဟာ စစ်အေးခေတ်နောက်ပိုင်းမှာ ပြည်သူ့စစ်အဖြစ် လျှောက်ထားသူ ဦးရေအများဆုံး အခြေအနေထဲက တရပ်ကို လက်ခံရရှိခဲ့ပါတယ်။
စေတနာ့ဝန်ထမ်းတွေက ယူကရိန်းပဋိပက္ခနဲ့ ကမ္ဘာလုံးဆိုင်ရာ မလုံခြုံမှုတို့ကို စိုးရိမ်ကြောင်း ပြောထားပါတယ်။
စစ်တပ်ရဲ့ စေတနာ့ဝန်ထမ်းဌာနခွဲဖြစ်တဲ့ ပြည်သူ့စစ်တပ်ထဲကို ဝင်တဲ့ ဒိန်းမတ်နိုင်ငံသား အရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာ ၁,၁၉၄ ယောက်ကနေ ၂၀၂၄ ခုနှစ်မှာတော့ ၁,၆၁၃ ယောက်ထိ တိုးလာတယ်လို့ အဖွဲ့အစည်းက ပြောပါတယ်။
အစောင့်တပ်မှူး ဗိုလ်ချုပ် ဂွန်နာအာပေနေလ်ဆင်က“အစောင့်တပ်မှာ အဖွဲ့ဝင်အသစ် အရေအတွက်က ၃၅ ရာခိုင်နှုန်း တိုးလာတယ်၊ ဒါဟာ တကယ်တော့ စစ်အေးခေတ် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အဆုံးသတ်ပြီးနောက်ပိုင်း အကောင်းဆုံးနံပါတ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။
တပ်သားဦးရေ တိုးလာရခြင်း အကြောင်းရင်းကို အတိအကျ မပြောနိုင်ဘူးလို့ အစောင့်တပ်ဖွဲ့က ပြောပေမဲ့ တပ်သားလောင်းလျာတွေက ကမ္ဘာလုံးဆိုင်ရာ မလုံခြုံမှုကို စိုးရိမ်နေတဲ့အကြောင်း သူတို့ရဲ့ စစ်တမ်းတွေက ပြသခဲ့ပါတယ်။
ကိုပင်ဟေဂင်မြို့ကြီးက လေ့ကျင့်ရေးဧရိယာထဲမှာ စေတနာ့ဝန်ထမ်းတွေဟာ အခန်းတွေကို ရှင်းလင်းတာနဲ့ ဗျူဟာကျကျ တိုက်ခိုက်ရေး နည်းလမ်းတွေကို လက်နက်တွေနဲ့ရော လက်နက်မဲ့ပါ လေ့ကျင့်သင်ကြားခဲ့ပါတယ်။
ဥရောပနဲ့ ကမ္ဘာတဝန်းက လက်ရှိအခြေအနေဟာ စာရင်းသွင်းဖို့ လှုံ့ဆော်ပေးခဲ့တယ်လို့ စေတနာ့ဝန်ထမ်းတယောက်က သင်တန်းအပြီးမှာ ခဏအနားယူရင်း ပြောခဲ့ပါတယ်။
ဒိန်းမတ် ပြည်သူ့စစ်အဖွဲ့ဟာ အကျပ်အတည်းနဲ့ ပဋိပက္ခတွေအတွင်း ဒိန်းမတ်စစ်တပ်ကို ပံ့ပိုးကူညီပြီး စေတနာ့ဝန်ထမ်းအခြေခံနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
Source: Reuters