
မက္ကဆီကိုအလယ်ပိုင်းရှိ ဂွါနာဟွာတိုပြည်နယ်၊ အီရာပွာတိုမြို့က နေအိမ်တလုံးထဲမှာ အလောင်း ၁၇ လောင်း ရှာတွေ့ခဲ့တယ်လို့ ဂွါနာဟွာတိုပြည်နယ် အစိုးရရှေ့နေရုံးက မေ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။
အာဏာပိုင်တွေဟာ မေ ၂၃ ရက်က အီရာပွာတိုရှိ နေအိမ်တခုရဲ့ လျှို့ဝှက်သင်္ချိုင်းထဲမှာ ရုပ်အလောင်း ၁၆ လောင်း တွေ့ရှိခဲ့ကြောင်း အစိုးရရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တခြားအရိုးစုကျနေတဲ့ ရုပ်အလောင်းတလောင်းကိုတော့ မေ ၂၄ ရက်က တွေ့ရှိခဲ့ပါတယ်။
ရုပ်အလောင်းတွေကို ဖော်ထုတ်နိုင်ဖို့ မှုခင်းဆေးပညာ ဓာတ်ခွဲခန်းကို ပို့ဆောင်ထားကြောင်း သိရပါတယ်။
Source: Reuters