
အာဆီယံအောစတားအသင်းကို ရှုံးနိမ့်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း မန်ယူနည်းပြ ရူဘင် အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးပြီးနောက် မလေးရှားနိုင်ငံကို လာရောက် ခြေစမ်းတာဖြစ်ပြီး မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ရဲ့ ၇၁ မိနစ်သွင်းဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့ရတာပါ။
မန်ယူအသင်းအနေနဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်စေ ဒီလိုပွဲမျိုးကို အနိုင်ရရှိသင့်ပြီး ရှုံးနိမ့်ခဲ့တာက စိတ်ပျက်စရာရလဒ်ဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
အရေးကြီးဆုံးအချက်က ဒဏ်ရာမရခဲ့တာဖြစ်ပြီး ဆင်ခြေပေးတာမဟုတ်ပေမဲ့ ရာသီဥတုနဲ့ ကွင်းအခြေအနေအရ အသင်းအတွက် ခက်ခဲခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ လာမယ့် မေ ၃၀ ရက်မှာ ဟောင်ကောင်အသင်းနဲ့ ဆက်လက်ခြေစမ်းသွားမှာ ဖြစ်ပါတယ်။