DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်နိုင် 
DVB
·
May 28, 2025
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်နိုင် 
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက မေ ၂၈ ရက် ဒီနေ့မနက် ၁၁ နာရီမှာ  ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့‌ ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး တချို့ မိုးလေဝသ Model တွေရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်းအနောက်ခြမ်းကို ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပြီး တချို့သော Model တွေအရ ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မေ ၂၈ ရက် မနက် ၁၀ နာရီအချိန် လေဖိအားနည်းရပ်ဝန်းဟာ စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် ၂၆၈ မိုင်မှာရှိတဲ့အကြောင်း၊ လွန်ခဲ့တဲ့ ၆ နာရီအတွင်း မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး   ဗဟိုအနီး လေတိုက်နှုန်း တနာရီ ၃၄ မိုင်ခွဲလောက်ရှိပြီး  မေ ၃၀ ရက် ည ၆ နာရီခွဲမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ရာနှုန်းပြည့်ရှိတယ်လို့ မိုးလေဝသ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေအားကောင်းနေပြီး မြန်မာနိုင်ငံတဝန်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်၊ အထူးအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်း၊ လေပြင်းတိုက်ခတ်၊ လျှပ်စီးလက်၊ မိုးကြိုးပစ်၊ နေရာကွက် မိုးကြီး လျှပ်တစ်ပြက် ရေကြီး၊ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ အထူးဂရုပြုကြဖို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013