
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ “မီးနဲ့ကစားနေတာပဲ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ နောက်ဆုံးမှတ်ချက်စကားဟာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရုရှားရဲ့ အင်အားအလုံးစုံစစ်ပွဲ စတင်ခဲ့ကတည်းက ယူကရိန်းအပေါ် အကြီးမားဆုံး ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပြီးနောက်မှာ ပြောခဲ့တာပါ။
“ဗလာဒီမာပူတင် သတိမထားမိလိုက်တာက ကျုပ်ကြောင့်သာ မဟုတ်ရင် ရုရှားမှာ ဆိုးဆိုးရွားရွား အဖြစ်အပျက်တွေ အတော်များများ ဖြစ်သွားပြီးသား နေမယ်။ သူက မီးနဲ့ကစားနေတာပဲ” လို့ Truth ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်က ပို့စ်တင် ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Reuters