ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့ APEC ထိပ်သီးအစည်းအဝေးမှာ တွေ့မယ်လို့ ထင်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တို့မှာ ကျင်းပမဲ့ APEC ကို ထရမ့်ပ်က သွားရောက်မှာဖြစ်ပြီး ပူတင်၊ ရှီတို့နဲ့ တွေ့ကာ အီရန်စစ်ပွဲ အဆုံးသတ်ရေးနဲ့ နျူကလီးယားဖျက်သိမ်းရေး ကိစ္စတို့ကို ဆွေးနွေးမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ထရမ့်ပ်က “သမ္မတ ပူတင်၊ သမ္မတ ရှီတို့နဲ့ တွေ့ဆုံဖို့ရှိပြီး ဒီဆွေးနွေးပွဲက စိတ်ဝင်စားစရာကောင်းမှာပါ။ သူတို့နဲ့ ပြောစရာတွေတော့ အများကြီးရှိပါတယ်။ နျူကလီးယားဖျက်သိမ်းရေး အပါအဝင် အီရန်စစ်ပွဲ အဆုံးသတ်ဖို့ ကြိုးစားတဲ့အကြောင်းတွေလည်း ပါပါတယ်” လို့ ပြောပါတယ်။
နျူကလီးယားဖျက်သိမ်းရေးကို အာရုံစိုက်ထားတဲ့ သုံးပွင့်ဆိုင် လက်နက်ထိန်းချုပ်ရေးအတွက် ရှီ၊ ပူတင်တို့နဲ့ ဆွေးနွေးမယ်လို့ ထရမ့်ပ်က အောက်တိုဘာလတုန်းက ပြောထားဖူးပါတယ်။
နောက်ပိုင်းမှာ The Wall Street ဂျာနယ်က ပူတင်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် သုံးပွင့်ဆိုင် တွေ့ဆုံမှု ပြုလုပ်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်ကတော့ CBS နဲ့ မိနစ် ၆၀ ကြာ အင်တာဗျူးအစီအစဉ်မှာ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သဘောတူညီမှုရဖို့ နီးကပ်နေပြီလို့ ယုံကြည်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဘယ်လိုကမ်းလှမ်းချက်တွေရှိလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပေမဲ့ သဘောတူညီဖို့ နီးစပ်နေပြီလို့ ပြောခဲ့ပါတယ်။
Source: Reuters











