DVB Logo
Home
နိုင်ငံတကာ
လက်နက်ရန်ပုံငွေ ယူရို ဘီလီယံ ၁၅၀ ထားရန် EU ဝန်ကြီးများ အတည်ပြု
DVB
·
May 28, 2025
လက်နက်ရန်ပုံငွေ ယူရို ဘီလီယံ ၁၅၀ ထားရန် EU ဝန်ကြီးများ အတည်ပြု
Donate to DVB

ဥရောပသမဂ္ဂ (EU) နိုင်ငံတွေက ဝန်ကြီးတွေဟာ ယူရိုငွေ ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၂၂ ဘီလီယံဖိုး) လက်နက်ရန်ပုံငွေ တည်ထားဖို့ မေ ၂၇ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဥရောပသမဂ္ဂအဆင့် ပထမဆုံး အကြီးစား ကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို မေ ၂၇ ရက်မှာ အတည်ပြုခဲ့တယ်လို့ EU ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဥရောပအတွက် လုံခြုံရေးဆောင်ရွက်ချက် (SAFE) ချေးငွေအစီအစဉ် အသစ်ကနေ ရန်ပုံငွေကို ပံ့ပိုးပေးမယ်လို့ ကောင်စီက ပြောပါတယ်။

ဒီအစီအစဉ်ဟာ ဦးစားပေး စွမ်းဆောင်ရည်တွေအတွက် ပူးတွဲဝယ်ယူရေး အစီအစဉ်အရ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရာမှာ ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်ခံ အဖွဲ့ဝင်နိုင်ငံတွေကို ယှဉ်ပြိုင်နိုင်တဲ့ ဈေးနှုန်း၊ နှစ်ရှည်ချေးငွေတွေကို ကမ်းလှမ်းမှာပါ။

ဥရောပသမဂ္ဂရဲ့ အမှုဆောင် လက်ရုံးဖြစ်တဲ့ ဥရောပကော်မရှင်ဟာ ဥရောပ လက်နက်ပြန်လည်တပ်ဆင်ရေး စီမံကိန်း အသင့်ဖြစ်ရေး ၂၀၃၀ ကမ်းလှမ်းချက်အတွက် မရှိမဖြစ် အစိတ်အပိုင်းတခုအဖြစ် မတ်လမှာ ဒီရန်ပုံငွေထဲက ယူရိုဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၉၀၆ ဒသမ ၇၀ ဘီလီယံခန့်) သုံးဖို့ ရည်မှန်းထားပါတယ်။

ဒီရန်ပုံငွေနဲ့ ဥရောပလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်မယ်လို့လည်း ဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013